Home
မြန်မာသတင်း
ပြည်တွင်းဆန်ဈေး ၅ နှစ်အတွင်း အမြင့်ဆုံးစံချိန်တင်
ပိုင်စိုး
·
October 7, 2018
ပြည်တွင်းဆန်ဈေးနှုန်းဟာ နှစ်ဆန်းပိုင်းကတည်းက မြင့်တက်လာနေရာမှာ အခုတော့ တအိတ်ကို ကျပ် ၂၀၀၀၀ နီးပါးတက်နေပြီး ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ အမြင့်ဆုံး စံချိန်တင်နေပါတယ်။ ပေါ်ဆန်းမွှေးအမျိုးအစားတွေဖြစ်တဲ့ ရွှေဘိုပေါ်ဆန်းနဲ့ ဧရာဝတီပေါ်ဆန်းတို့ဟာ အများဆုံး ဈေးတက်ခဲ့တာလို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ ရွှေဘိုပေါ်ဆန်းဟာ နှစ်ဆန်း ဇန်နဝါရီတုန်းက တအိတ်ကို ၃၃၀၀၀ ကျပ် ရှိခဲ့ရာကနေ လစဉ်မြင့်တက်ခဲ့ပြီး စက်တင်ဘာလမှာတော့ ၅၂၀၀၀ ကျပ် ဖြစ်နေပါတယ်။ ဧရာဝတီပေါ်ဆန်းဟာလည်း ဇန်နဝါရီလမှာ တအိတ်ကို ၄၆၀၀၀ ကျပ်ကနေ စက်တင်ဘာလမှာတော့ ၆၂၀၀၀ ကျပ် ဖြစ်နေတာပါ။ ဧည့်မထနဲ့ ငစိန်ဆန်တွေလည်း ဈေးတက်ပေမယ့် တအိတ်ကို ၂၇၀၀ ကနေ အများဆုံး ကျပ် ၃၅၀၀ အထိပဲ ပိုမြင့်လာပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာမှာ ရွှေဘိုပေါ်ဆန်းတအိတ်ကို ၃၅၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း တအိတ်ကို ၄၃၅၀၀ ကျပ်၊ ဧည့်မထ ၅ မှတ် ဆန်တအိတ်ကို ၁၆၈၀၀ ကျပ်၊ ၂၅ မှတ် တအိတ်ကို ၁၅၅၀၀ ကျပ် ရှိခဲ့တာကြောင့် ဒီ ၅ နှစ်အတွင်းမှာလည်း အမြင့်ဆုံးဈေးနှုန်းကို ရောက်နေတာပါ။ ဒါပေမယ့် ပြည်ပပို့တဲ့ ဆန်ဈေးနှုန်းတွေကတော့ နှစ်ဆန်းပိုင်းနဲ့ယှဉ်ရင် နည်းနည်းတက်လာပြီး ပြီးခဲ့တဲ့ နှစ်တွေနဲ့ ယှဉ်ရင်တော့ ဈေးကျနေတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024