ဂျပန်အိုးပန်း တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ဂျပန်တင်းနစ်သမား နစ်ရှီကိုရီအနိုင်ရ

Japanese tennis player Kei Nishikori celebrates after winning the ATP Final Barcelona Open "Conde de Godo" tennis tournament against Colombian tennis player Santiago Giraldo in Barcelona on April 27, 2014. AFP PHOTO / JOSEP LAGO
ဂျပန်အိုးပန်း တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ အိမ်ရှင် ဂျပန်တင်းနစ်သမား နစ်ရှီကိုရီက ပြင်သစ်က ရစ်ချပ်ဂတ်စ်ကွတ်ကို ၂ ပွဲပြတ်နဲ့ အနိုင်ရသွားပါတယ်။ ဂျပန်နိုင်ငံသား နစ်ရှီကိုရီက အိမ်ရှင် ပရိတ်သတ်တွေရှေ့မှာ ပြင်သစ်နိုင်ငံသား ဂတ်စ်ကွတ်ကို ပထမပွဲမှာ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရပြီး ၇-၆ နဲ့ အနိုင်ရခဲ့တာပါ။ ဒုတိယပွဲမှာတော့ နစ်ရှီကိုရီက လက်ရည်အသာနဲ့ ယှဉ်ပြိုင်ပြီး အမှတ်ပြတ် ၆-၁ နဲ့ အနိုင်ရတာပါ။ ဂျပန်အိုးပန်းပြိုင်ပွဲမှာ ရေပန်းစားနေတဲ့ နစ်ရှီကိုရီဟာ ဗိုလ်လုပွဲမှာ ဒက်နီယို မက်ဘက်ဒစ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up