A d v e r t i s e m e n t With Us

အမေရိကန် တရားရုံးချုပ် တရားသူကြီးအဖြစ် ကာဗင်နော့ ကျမ်းသစ္စာကျိန်ဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အမည်စာရင်းတင်သွင်းတဲ့ ဘရက်ကာဗန်နော့ဟာ အောက်တိုဘာ ၆ ရက်နေ့က တရားရုံးချုပ် တရားသူကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ ကာဗန်နော့ကို တရားရုံးချုပ် တရားသူကြီးအဖြစ် အတည်ပြုရေးနဲ့ပတ်သက်လို့ အမေရိကန် အထက်လွှတ်တော်အတွင် နက်နက်ရှိုင်းရှိုင်း သဘောကွဲလွဲပြီးနောက် ထောက်ခံမဲ ၅၀မဲ၊ ကန့်ကွက်မဲ ၄၈  မဲနဲ့ အတည်ပြုခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကာဗင်နော့ဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒါနဲ့ပတ်သက်လို့ အက်ဖ်ဘီအိုင်က စွပ်စွဲချက်တွေအပေါ် ၁၁ နာရီကြာ စုံစမ်းစစ်ဆေးပြီးနောက်မှာ အထက်လွှတ်တော် အမတ်တချို့က ကာဗန်နော့ကို အတည်ပြုခန့်အပ်ဖို့ ထောက်ခံခဲ့တာဖြစ်ပါတယ်။ တရားရုံးချုပ် တရားသူကြီးအဖြစ် ကာဗန်နော့ကို ခန့်အပ်လိုက်တာဟာ လာမယ့် နိုဝင်ဘာကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ သမ္မတထရမ့်အတွက် နိုင်ငံရေးအောင်ပွဲဖြစ်တယ်လို့  ဘီဘီစီ သတင်းမှာဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up