၂၀၁၈ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် နာဒီယာမူရက်၏ဘ၀ မှတ်တမ်းရုပ်ရှင်ပြသမည်

၂၀၁၈ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် နာဒီယာမူရက်ရဲ့ ဘ၀ဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကို နယူးယောက်မြို့မှာ ပြသသွားမယ်လို့ သိရပါတယ်။ "On Her Shoulders" လို့ နာမည်ပေးထားတဲ့ အဲဒီ ရုပ်ရှင်မှာ အိုင်အက်စ် စစ်သွေးကြွတွေရဲ့ လိင်ကျေးကျွန်ဖြစ်ခဲ့တဲ့ အီရတ် ယာဇီဒီလူမျိုးစု တိုင်းရင်းသူ နာဒီယာမူရက် အကြောင်း ရိုက်ကူးထားတာပါ။ အဲဒီနောက် သူဟာ အိုင်အက်စ်တွေ လက်က လွတ်မြောက်ပြီး ဂျာမနီကို ရောက်သွားခဲ့ပြီး ဂျာမနီကနေ သူဟာ ယာဇီဒီတိုင်းရင်းသား အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့ပါတယ်။ သူဟာ ၂၀၁၅ ခုနှစ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ ကမ္ဘာတ၀န်းမှာရှိတဲ့ အစိုးရတွေကို ယာဇီဒီတိုင်းရင်းသား အခွင့်အရေးကို ထောက်ခံပေးဖို့ ကြိုးပမ်းရာကနေ ကမ္ဘာ့ဇာတ်ခုံပေါ် ရောက်ရှိခဲ့ပါတယ်။ အဲဒီနောက် နာဒီယာဟာ ကုလသမဂ္ဂ  ချစ်ကြည်ရေး သံတမန်အဖြစ် ခန့်အပ်ခံရပါတယ်။ သူ့ အကြောင်း ရိုက်ကူးထားတဲ့ အဲဒီ မှတ်တမ်းရုပ်ရှင်ကို လာမယ့် အောက်တိုဘာ ၁၉ ရက်မှာ  နယူးယောက်မြို့မှာ ပြသမယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up