ရွှေလင်ပန်းစက်မှုဇုန် ၂ တွင် မီးလောင်
DVB
·
October 7, 2018
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန် ၂ မှာ ဒီကနေ့ အောက်တိုဘာ ၇ ရက် မနက်က မီးလောင်မှု တခုဖြစ်ပွားခဲ့ပါတယ်။
မနက် ၇ နာရီ ၄၅ မိနစ်အချိန်မှာ မီးလောင်မှုဖြစ်ပွားလို့ Level 2 ယာဉ်အုပ်စုတွေနဲ့ မနက် ၈ နာရီအချိန်မှာ Level 3 ယာဉ်အုပ်စုတွေ ထွက်ခွာငြှိမ်းသတ်ခဲ့ရာမှာ ၈ နာရီ ၄၇ မိနစ်မှာ မီးငြိမ်းသွားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
မီးလောင်မှုနဲ့ ပတ်သက်ပြီး အသေးစိတ်အခြေအနေတွေ မသိရသေးသလို ပျက်စီးဆုံးရှုံးမှု ပမာဏကိုလည်း မသိရသေးပါဘူး။