A d v e r t i s e m e n t With Us

ဒေါ့မန်အသင်းက အော့စ်ဘတ်အသင်းကို ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရ(ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါပွဲစဉ်မှာ နာမည်ကြီး ဒေါ့မန်က နောက်ကနေ လိုက်ကစားပြီးမှ  အပြန်အလှန် သွင်းဂိုးတွေနဲ့ အော့စ်ဘတ်အသင်းကို (၄-၃) ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အော့စ်ဘတ်အတွက် ဦးဆောင်ဂိုးကို ၂၂ မိနစ်မှာ သွင်းယူခဲ့ပြီး ဒေါ့မန်အတွက် ချေပဂိုးကိုတော့ ဒုတိယပိုင်း ၆၁ မိနစ်မှာ အယ်ကာဆာက သွင်းယူပါတယ်။ အော့စ်ဘတ်အတွက် ဒုတိယဂိုးကို ၇၁ မိနစ်လောက်မှာ ဖိလစ်မက် က သွင်းယူပါတယ်။ ဒီပွဲမှာဘိုင်ယန်အသင်း ဖိအားပေး တိုက်စစ်ဆင် နိုင်ပေမယ့် နောက်တန်း အမှားအယွင်းများတဲ့ အတွက် ဂိုးတွေ ပေးခဲ့ရပါတယ်။ ဒေါ့မန်အတွက် ချေပဂိုးကို အယ်ကာဆာပဲ ခြေစွမ်းပြ သွင်းယူပါတယ်။ တတိယဂိုးကို ၈၄ မိနစ်မှာ ဂေါ်ဆီက သွင်းယူပါတယ်။ နောက်ထပ် ၃ မိနစ်လောက်မှာပဲ အော့စ်ဘတ်က တတိယ ချေပဂိုး သွင်းယူပါတယ်။ သရေရလဒ်နဲ့ အဆုံးသတ်တော့မလို ဖြစ်နေတုန်း မိနစ် ၉၀ မှာ ဒေါ့မန်အတွက် အနိုင်ဂိုးကို အယ်ကာဆာကပဲ ဖရီးကစ်ကနေ သွင်းယူပြီး ဟက်ထရစ် ရသွားပါတယ်။ ဒီပွဲနိုင်တဲ့ ဒေါ့မန်က ၁၇ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up