အမေရိကန် သမ္မတကတော် အာဖရိက ခရီးစဉ်လှည့်လည်

2.6K
အမေရိကန် သမ္မတကတော် မယ်လင်နီယာထရမ့်ဟာ သီတင်းတစ်ပတ်ကြာ အာဖရိက ခရီးစဉ်အတွင်း အောက်တိုဘာ ၅ ရက်နေ့က ကင်ညာနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။
သမ္မတကတော် မယ်လင်နီယာဟာ နိုင်ရိုဘီ အမျိုးသားဥယာဉ်အတွင်း ခဏတာ ဆာဖာရီခရီးထွက်ခဲ့ပါတယ်။
အာဖရိက ခရီးစဉ်အတွင်း မယ်လင်နီယာဟာ ဂါနာနဲ့မာလာဝီနိုင်ငံတို့ကိုလည်း သွားရောက်ခဲ့ပါတယ်။
ကင်ညာ ခရီးစဉ်အတွင်း မယ်လင်နီယာဟာ မိဘမဲ့ကလေးကျောင်းကို သွားရောက်ပြီး ကလေးတွေနဲ့ အတူ သီဆိုကခုန်ခဲ့ပါတယ်။
အောက်တိုဘာ ၆ ရက်နေ့မှာတော့ သမ္မတကတော် မယ်လင်နီယာဟာ အီဂျစ်နိုင်ငံကို ဆက်လက် သွားရောက်မှာ ဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
ဓာတ်ပုံ- Dailymail