A d v e r t i s e m e n t With Us

အင်ဒိုနီးရှား သဘာဝဘေးသင့်ပြည်များအတွက် ရန်ပုံငွေ ဖျော်ဖြေပွဲ ကျင်းပ

အင်ဒိုနီးရှားငလျင်နဲ့ ဆူနာမီ ဘေးသင့်ပြည်သူတွေအတွက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို အောက်တိုဘာ ၅ ရက်က မြို့တော် ဂျကာတာမှာ ပြုလုပ်ခဲ့ပြီး အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ အနုပညာရှင်တွေ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ အဲဒီ ရန်ပုံငွေ ဖျော်ဖြေပွဲကနေ အင်ဒိုနီးရှားငွေ ရူပီးယား ၁၈ ဘီလျံနီးပါး ရရှိခဲ့ပြီး ရန်ပုံငွေတွေကို မြေငလျင်နဲ့ ဆူနာမီ ဘေးသင့်ပြည်သူတွေကို ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီပြည်နယ်မှာ စက်တင်ဘာလ ၂၈ ရက်နေ့က ပြင်းအား ၇ ဒသမ ၅ အဆင့်ရှိ မြေငလျင် လှုပ်ခတ်ခဲ့ပါတယ်။ ဒါ့အပြင် မြေငလျင်အရှိန်ကြောင့် အမြင့်ပေ ၂၀ ရှိတဲ့ ဆူနာမီရေလှိုင်းတွေပါ ဖြစ်ပေါ်ခဲ့ပါတယ်။ အောက်တိုဘာ ၅ ရက်နေ့စာရင်းအရ  မြေငလျင်နဲ့ ဆူနာမီကြောင့် သေဆုံးသူဦးရေ ၁,၅၇၁  ဦး ရှိပြီး သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့လည်း သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up