Home
မြန်မာသတင်း
ကျောင်းကားဝယ်ရန် ချေးထားသည့် ကျပ် ၅.၅ဘီလီယံကိစ္စ ရန်ကုန်အစိုးရမဖြေကြားနိုင်သေး
အာကာ
·
October 6, 2018
ကျောင်းကားတွေ ဝယ်ယူဖို့ ချေးယူထားတဲ့ ကျပ် ၅.၅ဘီလီယံနဲ့ ပက်သက်လို့ ရန်ကုန်တိုင်းအစိုးရနဲ့ ပုဂ္ဂလိကကုမ္ပဏီ ဘယ်သူက ချေးထားတယ်ဆိုတာ ဘဏ္ဍာရေး တာဝန်ခံကို မေးမြန်းပြီးမှ  ပြန်လည်ဖြေကြားနိုင်မယ်လို့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြောပါတယ်။ မနေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ကိုကိုးကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းရဲ့ မေးမြန်းချက်ကို ရန်ကုန်တိုင်းအစိုးရ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဖြေကြားသွားတာပါ။ လွှတ်တော်မှတ်တမ်းတွေအရ ကျောင်းကားတွေ ဝယ်ယူဖို့ ရွှေလက်ကုမ္ပဏီက ကျပ်၅.၅.ဘီလီယံ ပါဝင်တယ်လို့သိရပြီး  စာရင်းစစ်ချုပ် အစီရင်ခံစာမှာ ကမ္ဘောဇဘဏ်က ချေးငှားတယ်လို့ ဖော်ပြထားတဲ့အတွက် ကွဲလွဲချက်တွေရှိနေတယ်လို့ လွှတ်တော်အမတ် ဦးတင်ဝင်းက ပြောပါတယ်။ ဒီကိစ္စကို လတ်တလော မဖြေကြားနိုင်သေးဘဲ ဘဏ္ဍာရေးတာဝန်ခံကို မေးမြန်းပြီးမှ ပြန်လည်ဖြေကြားနိုင်မယ်လို့   ဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။ အခုလို ဝန်ကြီးရဲ့ ဖြေကြားချက်တွေဟာ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနဲ့ လွဲနေတယ်လို့ ဒဂုံမြို့နယ်  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ထောက်ပြပါတယ်။ ဝယ်ယူထားတဲ့  School Bus ကျောင်းကြိုပို့ကား  အစီး (၂၀၀)ထဲက ပညာရေး တက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်းကမာရွတ်မှာ (၂၉)စီး၊ ပညာရေးကော လိပ် လေ့ကျင့်ရေးသင်တန်းကျောင်း ရန်ကင်းမှာ (၂၇)စီး၊ စုစုပေါင်း (၅၆)စီးနဲ့ ကျောင်းသား ကျောင်းသူ ၁၀၄၇ဦးအတွက် ပြေးဆွဲပေးနေပါတယ်။ အရန်ယာဉ်အနေနဲ့ ၉ စီးထားရှိပြီး နေရာ သတ်မှတ်ချက်အရ တခြား ကျောင်းတွေကိုတော့ ပြေးဆွဲပေးနိုင်ခြင်း မရှိသေးဘူးလို့  ၀န်ကြီးက ဆိုပါတယ်။ ကျောင်းကား အစီး ၂၀၀ ကို ၂၀၁၇ ကျောင်းဖွင့်ရာသီ မတိုင်ခင် ဝယ်ယူခဲ့တာဖြစ်ပြီး မထသရဲ့ လွှဲပြောင်းငွေထဲက ကျပ်၅ ဘီလီယံ အပါအဝင် ကျပ် ၁၀.၅ဘီလီယံနဲ့  ဝယ်ယူခဲ့တာပါ။ ဓာတ်ပုံ-TTC
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024