Home
မြန်မာသတင်း
မန္တလေး KTV ဆိုင်​တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
DVB
·
October 6, 2018
မန္တလေးတိုင်း​၊ မဟာအောင်မြေမြို့နယ်၊ ၃၅လမ်းနဲ့ ၅၃လမ်းထောင့်မှာ ဖွင့်​ထားတဲ့ World Wide Mandalar KTV ဆိုင်​ကို မနေ့မနက်က  မူးယစ်ဆေးဝါးသတင်းအရ ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ရှာဖွေခဲ့ရာ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ အဆိုပါ KTVရှိ အီဂျစ်အမည်ရှိ အခန်းထဲကို ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ ဆိုင်ဝန်ထမ်း မေဇင်အောင်(ခ) မေဇင်နဲ့အတူ လာရောက်သီချင်းသီဆိုနေကြတဲ့ ဧည့်သည်​တွေ ကိုတွေ့ခဲ့ပြီး မေဇင်အောင်(ခ) မေဇင်ထံက​နေ မူးယစ်ဆေးဝါး Ketamine (၀.၅)ဂရမ်ပါ တစ်ထုတ် တွေ့ရှိခဲ့တယ်လို့ ရဲကပြောပါတယ်။ ဆက်​လက်​စစ်ဆေးမေးမြန်းခဲ့ရာမှာ စားပွဲထိုး ရဲသူအောင်(ခ) မှေးကြီးထံက ဝယ်ထားတာလို့သိရတာကြောင့် ရဲသူအောင်ကို ဖမ်းဆီးစစ်ဆေးရာ သူ့ရဲ့လက်ကိုင်ဖုန်း Viber မှတ်တမ်း​တွေထဲမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ထားတဲ့ စာသားတွေနဲ့ ဓာတ်ပုံမှတ်တမ်းတွေကို တွေ့ရှိခဲ့ပါတယ်​။ ရဲသူအောင်က လုံခြုံရေးဝန်ထမ်း ဂေါ်လေး(ခ) ဇော်ဇော်စိုးထံမှ မူးယစ်ဆေးတွေ ဝယ်ယူပြီး မေဇင်အောင်(ခ) မေဇင်ထံ တဆင့် ပြန်လည်ရောင်းချခဲ့ကြောင်း ရဲကစစ်ဆေး ပေါက်ခဲ့ပါတယ်။ ဆက်လက်​ပြီး KTVရှိ  999 (VVIP)အခန်းကို ရှာဖွေစစ်ဆေးရာမှာ ပြည့်ဖြိုးအောင်(ခ) ဖုရိယုံနဲ့ နေမင်းထွန်း(ခ) ရန်ဆီးရွှီးတို့နှစ်ဦးထံက မူးယစ်ဆေးဝါး Ketamine (၀.၁)ဂရမ်ပါ တစ်ထုတ်နဲ့  (၀.၆)ဂရမ်ပါတစ်ထုတ် စုစုပေါင်း (၀.၇)ဂရမ်ကို တွေ့ရှိခဲ့သလို ရဲလင်းထက်ထံက မူးယစ်ဆေးဝါး Ketamine (၀.၅)ဂရမ်ပါ တစ်ထုတ် ထပ်မံတွေ့ရှိခဲ့ပါတယ်။ အဆိုပါ KTV ကို ဝင်​​ရောက်​ မရှာဖွေခင်မှာ ပထမဆုံး BRAVE Bar Club ကို ရဲက ၀င်ရောက် ရှာဖွေခဲ့​ပေမယ့် ဆိုင်ကို  လွန်ခဲ့တဲ့ ၃ ရက်ကတည်းက ပိတ်ထားခဲ့ တယ်လို့သိရပါတယ်။ ​ ဒီအမှုနဲ့ပတ်သက်ပြီး မေဇင်အောင်(ခ) မေဇင်၊ ရဲသူအောင်(ခ) မှေးကြီးနဲ့  ဂေါ်လေး(ခ) ဇော်ဇော်စိုးတို့ကို မူး/ယစ် ဥပဒေ ၁၆ (ဂ)/၂၁နဲ့ အမှုဖွင့်အရေးယူထားပြီး  ပြည့်ဖြိုးအောင်(ခ) ဖုရိယုံ၊ နေမင်းထွန်း(ခ) ရန်ဆီးရွှီးနဲ့ ရဲလင်းထက်တို့ကို မူး/ယစ်ဥပဒေ ၁၆ (ဂ)/၂၁ နဲ့ အမှတ် (၉) မြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024