Home
မြန်မာသတင်း
အန်စီအေ ၃ နှစ်ပြည့်အခမ်းအနားနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲပုပ္ပါးတွင် ကျင်းပမည်
DVB
·
October 6, 2018
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) သုံးနှစ်ပြည့် အခမ်းအနားကို  ပုပ္ပါးမှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောပါတယ်။ အောက်တိုဘာ ၅ ရက်နေ့က နိုင်ငံတော် သမ္မတ အိမ်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ  အတည်ပြု ပြောဆိုလိုက်တာပါ။ ဒီအခမ်းအနားကို  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ တက်ရောက်မှာဖြစ်ပြီး အန်စီအေလက်မှတ် ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေလည်း တက်ရောက်ဖို့ ဖိတ်ကြားထားတယ်လို့ ဆိုပါတယ်။ ဒီအခမ်းအနားနဲ့အတူ ညှိနှိုင်းဖို့ခက်ခဲနေတဲ့ အပိုင်းတွေအပေါ် ထိပ်ပိုင်းခေါင်းဆောင် တွေ တွေ့ဆုံ ဆွေးနွေးသွားဖို့လည်းရှိတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။ ဒီအခမ်းအနားနဲ့ ဆွေးနွေးပွဲတွေဟာ ၅ ရက်လောက်ကြာနိုင်တဲ့အကြောင်းနဲ့  လုံခြုံရေးအရ ပုဂ္ဂလိက သတင်းမီဒီယာတွေနဲ့ ပြည်ပမီဒီယာတွေကိုတော့ သတင်းယူခွင့် မပေးဘူးလို့ လည်းသိရပါတယ်။ ဒီအစည်းအဝေးမှာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက နှစ်ဘက်ဆွေးနွေးဖို့ သဘောတူထားတဲ့ ခွဲထွက်ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပါအ၀င် အချက် ၅ချက်ကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ပအိုးဝ်အမျိုးသားအဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ အဲ့ဒီတွေ့ဆုံ ဆွေးနွေးပွဲပြီးရင် တစ်ဆို့နေတဲ့ အချက်တွေ ပြေလည်သွားနိုင်ပြီး နောင် လုပ်မယ့် နိုင်ငံရေးဆွေးနွေးပွဲတွေအဆင်ပြေချောမွေ့သွားနိုင်တယ်လို့လည်း ဒီဗွီဘီကို ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024