အင်ဒိုနီးရှားငလျင်နှင့် ဆူနာမီကြောင့် သေဆုံးသူ ၁၅၀၀ ကျော်ထိ ထပ်တိုးလာ

2.9K
အင်ဒိုနီးရှားမြေငလျင်နဲ့ ဆူနာမီ ဖြစ်ပွားပြီး သီတင်းတစ်ပတ်အကြာ အောက်တိုဘာ ၅ ရက်မှာတော့ သေဆုံးသူဦးရေ ၁,၅၅၈ ဦး အထိထပ်တိုးလာနေပြီလို့ ရိုက်တာသတင်း အရ သိရပါတယ်။
ပါလူမြို့ရှိ အာဂွန်း-ဒါရုဆလမ် ဗလီဝင်ပေါက် အပြင်ဘက်မှာ သေဆုံးသူတွေအတွက် သောကြာနေ့ ၀တ်ပြုပွဲကို ပြုလုပ်ခဲ့ပါတယ်။
ဒေသခံတစ်ဦးက ဗလီအတွင်း အန္တရာယ် ရှိတာကြောင့် အခုလို အရေးပေါ်နေရာ မြေကွက်လပ်မှာ ၀တ်ပြုရတာဖြစ်တယ်လို့ ပြောပါတယ်။
သေဆုံးသူအများစုဟာ ပါလူမြို့ကနေ စာရင်းကောက်ယူထားတာဖြစ်ပြီး ဝေးလံတဲ့ အရပ်ဒေသတွေက အသေအပျောက်စာရင်းတွေကို ကောက်ယူဆဲဖြစ်တယ်လို့ သိရပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ မွတ်စလင်ဦးရေ အများဆုံးရှိတဲ့နိုင်ငံဖြစ်ပေမယ့် ခရစ်ယာန်နဲ့ တခြား ဘာသာဝင်တွေလည်း နေထိုင်ကြပါတယ်။