ဝါဒါဘရီမင်အသင်းက ဝု့စ်ဘက်ကို ၂ ဂိုးပြတ်ဖြင့် အနိုင်ရ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါ ပွဲစဉ်မှာ ဝါဒါဘရီမင်က ဝု့စ်ဘက်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ဝါဒါဘရီမင်ဟာ ဒီနှစ်ရာသီမှာ အိမ်ကွင်း ရလဒ်ကောင်းနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။ အိမ်ရှင် ဝါဒါဘရီမင်အတွက် ဦးဆောင်ဂိုးကို ၃၅ မိနစ်မှာ တဖက်နောက်တန်းရဲ့ မရှင်းထုတ်နိုင်တဲ့ အမှားကနေ ကယ်ဆန်က သွင်းယူပါတယ်။ ခြေစွမ်းသိပ်မကွာတဲ့ နှစ်သင်းဆုံတာ ဖြစ်လို့ အကြိတ်အနယ် ရှိခဲ့ပါတယ်။ နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက် ကစားနိုင်ခဲ့ပါတယ်။ ဝါဒါဘရီမင်အတွက် အပိတ်ဂိုးကို ၈၆ မိနစ်မှာ အက်ဂက်စ်စတိန်းက ထိုးဖောက်သွင်းယူပါတယ်။ ဒီပွဲနိုင်လို့ ဝါဒါဘရီမင်က ၁၄ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ လတ်တလော ရပ်တည်နေပါတယ်။ ဝု့စ်ဘက်ကတော့ ၉ မှတ်နဲ့ အဆင့် ၇ ကို လျောကျသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up