အာဆင်နယ်အသင်း အသက်အငယ်ဆုံး ဂိုးသွင်းသူအဖြစ် စမစ်ရိုး မှတ်တမ်းဝင်

အာဆင်နယ်လူငယ်တိုက်စစ်မှူး စမစ်ရိုးဟာ ကွာရာဘက်နဲ့ပွဲမှာ ဂိုးသွင်းခဲ့လို့ ၂၀၁၁ နောက်ပိုင်း အာဆင်နယ်အတွက် အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်သွား ပါတယ်။ အာဆင်နယ်အသင်းဟာ အဇာဘိုင်ဂျန်ကလပ်အသင်း ကွာရာဘက်နဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး စမစ်ရိုးက ဒုတိယမြောက် ဦးဆောင်ဂိုး သွင်းခဲ့တာပါ။ အင်္ဂလန်လူငယ် ကစားသမား စမစ်ရိုးဟာ အသက် ၁၈ နှစ်နဲ့ ၆၇ ရက်ပဲ ရှိသေးတာကြောင့် ၂၀၁၁ ခုနှစ်က ချန်ဘာလိန် က ၁၆ နှစ်နဲ့ ၄၃ ရက်နဲ့ ဂိုးသွင်းပြီးနောက်ပိုင်း အသက်အငယ်ဆုံး ဂိုးသွင်းတဲ့ ကစားသမား ဖြစ်လာတာပါ။ ပြိုင်ပွဲအဆင့်မှာ မိမိရဲ့ ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့လို့ ကျေနပ်မိပြီး အိပ်မက်တွေ အမှန်တကယ်ဖြစ်လာပြီလို့ စမစ်ရိုးကပြောပါတယ်။ အာဆင်နယ် အကယ်ဒမီထွက် ကစားသမားတဦးဖြစ်တဲ့ စမစ်ရိုးရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး နည်းပြဟောင်း ဂလင်းဟော်ဒယ်နဲ့ အာဆင်နယ်နောက်ခံလူဟောင်း မာတင်ကီယွန် တို့လည်း BT Sports ရုပ်သံမှာ ချီးကျူးပြောကြားခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up