ငလျင်နှင့်ဆူနာမီဘေးသင့် အင်ဒိုနီးရှားပြည်သူများကို ဗြိတိန်က ပေါင် ၃ သန်း ကူညီမည်

မြေငလျင်နဲ့ ဆူနာမီဘေးသင်ခဲ့တဲ့ အင်ဒိုနီးရှားပြည်သူတွေကို ကူညီဖို့ ဗြိတိန်နိုင်ငံက ပေါင် ၃ သန်းနဲ့ ကယ်ဆယ်ရေးရိက္ခာတွေ ပေးပို့မယ်လို့ အောက်တိုဘာ ၄ ရက်နေ့မှာ ကတိပြုပြောကြားလိုက်ပါတယ်။ ဗြိတိန် အပြည်ပြည်ဆိုင်ရာ ဖွံဖြိုးရေးဝန်ကြီး ပန်နီမိုဒေါက်က “အရေးပေါ် လိုအပ်ချက်တွေ အတွက် ပေါင် ၃ သန်း ကူညီသွားမယ်။ အဲဒီကူညီငွေကို ကုလသမဂ္ဂနဲ့ တခြားအေဂျင်စီတွေ ကနေတဆင့်ပေးအပ်ပြီး ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ ကျွမ်းကျင်သူအဖွဲ့ကိုလည်း ပေးအပ်သွား မယ်” လို့ ပြောပါတယ်။ စက်တင်ဘာ  ၂၈ ရက်က ဆူလာဝေဆီကျွန်းကမ်းလွန်မှာ မြေငလျင်လှုပ်ခတ်ပြီး  ဆူနာမီလှိုင်း ဖြစ်ပေါ်ခဲ့ပြီးနောက် လူပေါင်း ၁၄၀၀ ကျော်သေဆုံးပြီး   လူ ၇ သောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။ ဝေးလံတဲ့ အရပ်ဒေသက စာရင်းတွေကို ကောက်ယူဆဲမို့ အရေအတွက် တိုးလာနိုင်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up