A d v e r t i s e m e n t With Us

ထိုင်းတွင် ဥပဒေမဲ့နေထိုင်သူ နိုင်ငံခြားသား ၃၆၉ ဦးအား ပြည်နှင်ဒဏ်ပေး

ထိုင်းနိုင်ငံထဲမှာ ဥပဒေမဲ့ နေထိုင်တဲ့ နိုင်ငံခြားသားစုစုပေါင်း ၃၆၉ ဦးကို ဖမ်းဆီးရမိတယ်လို့ ထိုင်းနိုင်ငံလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ဒီကနေ့မနက် သတင်းစာရှင်းပွဲမှာ  ပြောပါတယ်။ ထိုင်းနိုင်ငံမှာ တရားမ၀င်ရောက်နေထိုင်သူ၊ နေထိုင်ခွင့်ဗီဇာကုန်ဆုံးသူ၊ ရာဇ၀တ်မှု ကျူးလွန်သူတွေကို နိုင်ငံခြားသားများပပျောက်ရေးအတွက် X-Ray Operation စီမံချက်ဆောင်ရွ က်နေတာဖြစ်ပါတယ်။ ထိုင်းလ၀ကရဲ၊ ကမ္ဘာလှည့်ခရီးသည်ဆိုင်ရာရဲတပ်ဖွဲ့၊ ရာဇ၀တ်နှိမ်နင်းရေးရဲတပ်ဖွဲ့တို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ တနိုင်ငံလုံးရှိ နိုင်ငံခြားသားအများစု ကျက်စားရာ တည်းခိုခန်း၊ စားသောက်ဆိုင်၊ လည်ပတ်စရာနေရာ၊ နိုင်ငံခြားဘာသာသင်ကျောင်းနဲ့ ပုဂ္ဂလိက ကျောင်း အစရှိတဲ့ နေရာပေါင်း ၃၃၇ နေရာကို ၀င်ရောက်စစ်ဆေးခဲ့နောက် ဥပဒေနဲ့ မညီညွတ်တဲ့ နိုင်ငံခြားသား စုစုပေါင်း ၃၆၉ ဦးကို ဖမ်းဆီးခဲ့တာပါ။ အဲဒီထဲမှာ ခွင့်ပြုချက်မရှိဘဲ နေထိုင်နေတဲ့ ဗီဇာသက်တမ်းကုန်သူ ၉၆ ဦး၊ တရားမ၀င် ၀င်ရောက်လာသူ ၁၃၁ ဦး၊ အခြားပြစ်မှုကျူးလွန်သူ ၁၄၁ ဦးတို့ ပါဝင်ပြီး သူတို့အားလုံးကို အမည်ပျက်စာရင်းသွင်းကာ ပြည်နှင်ဒဏ်ပေးသွားမယ်လို့  ထိုင်းလ၀က ရဲတပ်ဖွဲ့ ရဲမှူးကြီး ဆူရချေ့ခ်ျဟတ်ဖန်းက ပြောပါတယ်။ ဒီမတိုင်ခင်က ဘန်ကောက်၊ ဟွေ့ခွမ်၊ ရာ့ခ်ျဒါးဖိဆစ်၊ ဆွတ်ထိဆန်စတဲ့ နယ်မြေထဲမှာ နိုင်ငံခြားသားတွေလာပြီး ဈေးရောင်းနေတယ်လို့ တိုင်ကြားချက်ရရှိတဲ့အတွက် ကနေ့ မနက်စောစောက သွားရောက်စစ်ဆေးဖမ်းဆီးရာမှာ ဥပဒေနဲ့ မညီသူ ၇၀ ဦးဖမ်းမိပြီး အဲဒီထဲမှာ အိန္ဒိယ၊ အာဖရိကနဲ့ ဂါနာ နိုင်ငံသားတွေ ပါဝင်တယ်လို့ သိရပါတယ်။ အရင်ကလည်း အခုလိုစစ်ဆေးဖမ်းဆီးမှု ၃၅ ကြိမ်ဆောင်ရွက်ခဲ့ပြီး  နေရာပေါင်း ၄၄၉၆ က တရားဥပဒေနဲ့ မညီညွတ်တဲ့ နိုင်ငံခြားသားစုစုပေါင်း ၂၂၇၃ ဦး ဖမ်းဆီး အရေးယူခဲ့တယ်လို့ လ၀က ရဲမှူးကြီးက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up