အင်္ဂလန်အသင်းတွင် ပါဝင်ရန် အဆင်သင့်ဖြစ်နေဟု ချဲလ်ဆီးကွင်းလယ်လူ ဘာကလေ ပြော

လက်ရှိခြေစွမ်းအရ အင်္ဂလန်အသင်းမှာ ပါဝင်ခွင့်ရဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ချဲလ်ဆီးကွင်းလယ်ကစားသမား ဘာကလေက ပြောကြားလိုက်ပါတယ်။ အသက် ၂၄ နှစ်ရှိ ကွင်းလယ်ကစားသမား ဘာကလေဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အဲဗာတန်အသင်းကနေ ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့လာတာပါ။ ရာသီကြိုခြေစမ်းပွဲတွေမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း  ပွဲထွက်ကစားနေပြီး အရင်ကထက် ကြံ့ခိုင်မှု ပိုပြည့်ဝလာတာကြောင့် အင်္ဂလန်အသင်းမှာ ပြန်လည်ပါဝင်ဖို့ ထိုက်တန်တယ်လို့ ဘာကလေက ဆိုပါတယ်။ ဘာကလေဟာ ၂၀၁၆ ခု နောက်ပိုင်းကတည်းက အင်္ဂလန်အသင်းရဲ့ လူစားရင်းမှာ ရွေးချယ်ခံရခြင်းမရှိတော့တာပါ။ ချဲလ်ဆီးနည်းပြဆာရီကလည်း ဘာကလေအနေနဲ့ လက်ရွေးစင်မှာ ပြန်ပါသင့်တယ်လို့ ချီးကျူးပြောကြားခဲ့ပါတယ်။ ဘာက လေဟာအခုနှစ်ရာသီမှာ ချဲလ်ဆီးအသင်းအတွက် ၉ပွဲပါဝင်ကစားထားပြီး အင်္ဂလန်အသင်းမှာတော့ ၂၀၁၃ခုနှစ်ကနေ ၂၀၁၆ခုနှစ်အထိ၂၂ပွဲအထိ ကစားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up