Home
မြန်မာသတင်း
ထိုင်း ၈၃ ဦးကို ပြန်လွှတ်ပေးရန် မြန်မာဘက်က စီစဉ်
DVB
·
August 17, 2012
မူးယစ်ဆေးဝါး၊ လက်နက်မှုတွေနဲ့ မပတ်သက်တဲ့ ထိုင်း ၈၃ ဦးကို ပြန်လွှတ်ပေးဖို့ မြန်မာဘက်က ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ ရနောင်းခရိုင်နဲ့ မြန်မာနိုင်ငံ ကော့သောင်းခရိုင်က ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ် ကော်မတီရဲ့ ဩဂုတ်လ ပုံမှန်လစဉ်အစည်းအဝေးမှာ ဒီကိစ္စကို ညှိနှိုင်းခဲ့ပြီး ပြန်လွှတ်ဖို့ စီစဉ်နေတဲ့အကြောင်း ထိုင်းသတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်၂၃ ရက်နေ့က ထိုင်းနိုင်ငံသား ၉၂ ဦးကို ကော့သောင်းခရိုင် တရားရုံးက လူဝင်မှု ကြီးကြပ်ရေး (လ၀က) နှင့် သစ်တောဆိုင်ရာ ဥပဒေ ပုဒ်မ တို့ဖြင့် ထောင်ဒဏ် ၃ နှစ်နဲ့ ၆ လ အမိန့်ချမှတ်ခဲ့တာပါ။ ကော့သောင်း ခရိုင်တရားရုံးရဲ့ စစ်ဆေးချက်အရ အဲ့ဒီထိုင်း ၈၃ ဦးဟာ မူးယစ်ဆေးဝါးနဲ့ စစ်လက်နက်ပစ္စည်း လက်ဝယ်တွေ့ရှိမှုနဲ့ ကင်းရှင်းတာမို့ အမြန်လွှတ်ပေးနိုင်ရေးအတွက် သမ္မတ ကြီးဦးသိန်းစိန်ဆီကို အယူခံလွှာတင်သွင်းဖို့ အစည်းအဝေးမှာ သဘောတူခဲ့ကြတယ်လို့ အစည်းအဝေး သတင်းထုတ်ပြန်ရေး အဖွဲ့က ပြောတဲ့အကြောင်း ရေးသားထားတာပါ။ ကျန်တဲ့ ထိုင်း ၉ ဦးမှာ မူးယစ်ဆေးဝါးနဲ့ စစ်လက်နက်ပစ္စည်း လက်ဝယ်ရှိမှုနဲ့ စွပ်စွဲခံထားရပြီး ကော့သောင်းတရားရုံးက ဒေသခံစစ်ဘက်၊ ရဲဘက်နဲ့ အုပ်ချုပ်ရေးဘက်က ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ ခုံရုံးဖွဲ့ပြီး ဆက်လက်စစ်ဆေးနေပါတယ်။ သူတို့ကို သူတို့ရဲ့ ဆွေမျိုးသားချင်းတွေက ပုံမှန်အတိုင်း ထောင်ဝင်စာ သွားတွေ့ခွင့် ရတယ်လို့ ထိုင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ထိုင်းလူမျိုး ၉၂ ဦးကို ဇူလိုင် ၄ ရက်က တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့နယ်ခွဲ နန်တွန်ရွာနားမှာ တရားမ၀င် ၀င်ရောက်နေထိုင်မှု၊ လက်နက်ကိုင်ဆောင်မှု၊ မူးယစ်ဆေးမှုတွေအပြင် မော်တော်ယာဉ်တွေနဲ့အတူ မြန်မာစစ်တပ်က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024