အမေရိကန် လေယာဉ်ဂျွမ်းဘားအဖွဲ့ ကောင်းကင်ပြင်တွင် တရုတ်စာရေးပြ

အမေရိကန် လေယာဉ်ကျွမ်းဘားအဖွဲ့ဟာ တရုတ်နိုင်ငံ မြောက်ပိုင်း မွန်ဂိုလီးယား  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အာလ်စာလိဂ်မှာ ကျင်းပနေတဲ့ လေကြောင်းပွဲတော်မှာ ပါဝင်ဆင်နွှဲနေပါတယ်။ အမေရိကန် လေယာဉ်ကျွမ်းဘားအဖွဲ့ကို အသက် ၇၂ နှစ်အရွယ် ဝိန်းမန်းစ်ဖီးလ်ဒ်က ဦးဆောင်ဖြစ်ပြီး  ကောင်းကင်ပြင်မှာ လေယာဉ်မီးခိုးသုံးပြီး တရုတ်စာကို ရေးပြမှာလည်း ဖြစ်ပါတယ်။ သူဟာ အထူးတပ်ဆင်ထားတဲ့ တောင်ပံတပ် လေယာဉ်ကိုသုံးပြီး တန်ဂါကန္တာရနဲ့ ရေကန်အထက်ကောင်းကင်ယံမှာ လေယာဉ်မီးခိုးကိုသုံးပြီး လေထဲမှာ စာရေးပြမှာ ဖြစ်ပါတယ်။ သူဟာ ကောင်းကင်မှာ စာရေးတဲ့ အထူးအရည်အသွေးရှိတဲ့ စတန့်လေယာဉ်မှူးပါ။ ဒါပေမယ့် ထောင်နဲ့ချီတဲ့ စောင့်ကြည့်သူတွေ ရှေ့မှာ တရုတ်စာကို လေထဲမှာရေးရမှာမို့ စိတ်လှုပ်ရှား နေတယ်လို့ သူက ပြောပါတယ်။ ဒီပွဲတော်မှာ အမေရိကန်၊ ဗြိတိန်၊ အီတလီနဲ့ တရုတ်နိုင်ငံတွေ အပါအဝင် ကမ္ဘာတ၀န်းက လေယာဉ်ကျွမ်းဘားအဖွဲ့တွေ ပါဝင်ဆင်နွှဲနေပါတယ်။ အင်္ဂါနေ့မှာစတဲ့ ဒီပွဲတော်ဟာ စနေနေ့မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up