A d v e r t i s e m e n t With Us

အာဆင်နယ်အသင်းက ကာရာဘတ်အသင်းကို ၃ ဂိုးပြတ်အနိုင်ရ(ရုပ်သံ)

မနေ့ညက ယူရိုပါလိဂ် ပွဲစဉ်မှာ အာဆင်နယ်က အဝေးကွင်းမှာ ကာရာဘတ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ အာဆင်နယ်အတွက် ဦးဆောင်ဂိုးကို ပွဲအစ ၅ မိနစ်မှာ ဆိုကရေတစ်က သွင်းယူ ပါတယ်။ ဒီပွဲမှာ အာဆင်နယ်က အရန် ကစားသမားအများစုနဲ့ ပွဲထွက်လာတာပါ။အိမ်ရှင် ကာရာဘတ် အသင်းက အာဆင်နယ်ကို အပြန်အလှန် ထိုးဖောက် ကစားနိုင်ခဲ့ပါတယ်။ အာဆင်နယ်အတွက် ဒုတိယဂိုးကို ၅၃ မိနစ်မှာ စမစ်ရိုဝီက သွင်းယူပါတယ်။ ဒီပွဲမှာ အာဆင်နယ်က ရတဲ့ အခွင့်အရေးတွေ အသုံးချနိုင်ခဲ့ပါတယ်။ တတိယဂိုးကို မိနစ် ၈၀ မှာ မက်တီယိုက သွင်းယူပါတယ်။ ကာရာဘတ်ဟာ  နောက်ဆုံး ကစားထားတဲ့ ယူရိုပါလိဂ် ၄ ပွဲစလုံး ရှုံးပွဲတွေ့ထားပါတယ်။ ဒီပွဲနိုင်တဲ့ အာစင်နယ်က အုပ်စု (အီး)မှာ ၆ မှတ်နဲ့ ဦးဆောင်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up