မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် တရားရုံးသို့ ရောက်ရှိလာ

3.2K
အဂတိလိုက်စားမှုနဲ့ စွပ်စွဲခံထားရတဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ဟာ တရားစီရင်မှု အကြို ကြားနာပွဲအတွက် မြို့တော် ကွာလာလမ်ပူက တရားရုံးကို အောက်တိုဘာ ၄ ရက်က ရောက်လာပါတယ်။
သူဟာ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၆သန်းကို နိုင်ငံ့ရန်ပုံငွေ 1 MDBရဲ့ အဖွဲ့ဟောင်း SRC International ကနေ သူ့ ဘဏ်စာရင်းထဲ တရားမဝင် လွှဲယူမှုနဲ့ ပတ်သက်တဲ့ အဂတိလိုက်စားမှု စွဲချက် အတော်များများကို ရင်ဆိုင်နေရသူပါ။
မေလမှာ သူဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က ရွေးကောက်ပွဲမှာ မဲရှုံးအပြီး ငွေမည်းခဝါချမှုကနေ အာဏာ အလွဲသုံးစား လုပ်မှုအထိ၊ ရာဇဝတ်မှုသင့်တဲ့ ယုံကြည်မှု ချိုးဖောက်မှုစတဲ့ စွဲချက်တွေ စုစုပေါင်း ၃၂ခုကို ရင်ဆိုင်နေရတာပါ။
မလေးရှား ဖွံ့ဖြိုးရေး ရံပုံငွေ (1MDB) ထဲကနေ ပျောက်နေတဲ့ ဘီလျံချီတဲ့ အမေရိကန် ဒေါ်လာတွေ ဘယ်ရောက်သွားလဲ ဆိုတာနဲ့ ပတ်သက်ပြီး သူ့ကို စစ်မေးနေပေမယ့် သူကတော့ အမှားတခုမှလုပ်မထားဘူးလို့ ငြင်းပါတယ်။
သူ့ဇနီး ရို့စ်မာ မန်ဆော်ကိုလည်း ငွေမည်း ခဝါချမှုအပါအဝင် အမှုပေါင်း ၁၇ မှုနဲ့ ကြာသပေတးနေ့က စွဲချက် တင်ထားတာပါ။
ရို့စ်မာ မန်ဆော်ကို ကို မလေးရှား အဂတိလိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့ (MACC)က အောက်တိုဘာ ၃ ရက်မှာ ဖမ်းခဲ့ပြီး အချုပ်ထဲမှာ တည အိပ်ခဲ့ရပါတယ်။ သူကလည်း စွဲချက်အားလုံးမှာ အပြစ်မရှိဘူးလို့ ငြင်းပါတယ်။
မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်စာ နိုင်ငံရံပုံငွေ ထဲကနေ အမေရိကန် ဒေါ်လာ သန်း ၇၀၀ နီးပါးကို သူ့ရဲ့ ကိုယ်ပိုင် ဘဏ်စာရင်းထဲကို လွှဲယူခဲ့တယ်လို့ သဝေါလ်စထရိ ဂျာနယ်က ၂၀၁၅ ခုနှစ်မှာ အစီရင်ခံထားပါတယ်။