အမေရိကန်တွင် သေနတ်သမား ပစ်ခတ်မှုကြောင့် ရဲအရာရှိများ ဒဏ်ရာရ

A member of the sheriff's department exits the crime scene on Ashton Drive in the Vintage Place neighborhood where several members of law enforcement were shot, one fatally, in Florence, South Carolin, on Wednesday, Oct. 3, 2018. Photo: AP
အမေရိကန်ပြည်ထောင်စု၊ တောင်ကာရိုလိုင်းနားပြည်နယ်၊ ဖလောရင့်စ်မြို့နားမှာ သေနတ်သမားတယောက်က အိမ်တလုံးထဲကနေ ရဲတွေကို ပစ်ခတ်လို့ အောက်တိုဘာ ၃ ရက်က ရဲအရာရှိ အတော်များများ ကျည်ဆံ ထိမှန်ပြီး တယောက် သေဆုံးခဲ့ပါတယ်။ ၂ နာရီကြာအောင် ရဲတွေက ဝိုင်းထားခဲ့ရအပြီးမှာ သံသယရှိသူကို ဖမ်းမိခဲ့ပါတယ်။ မြို့အနောက်စွန်းက အိမ်ကို ရှာဖွေဝရမ်းနဲ့ရှာဖို့ ကြိုးစားချိန်မှာ တိုက်ခိုက်ခံရတယ်လို့ ဖလောရင့်စ်မြို့နယ် ငြိမ်ဝပ်ပိပြားရေး အရာရှိ ကဲန်းနေဘွန်းက ပြောပါတယ်။ ပစ်ခတ်နေချိန်မှာပဲ ရဲတွေက ဧရိယာအတွင်း လူစုခွဲပြီး ဒဏ်ရာရသူကို ကာပေးပြီး ဘေးကင်းရာ သယ်ထုတ်ရတယ်လို့ အရာရှိတွေက ပြောပါတယ်။ အဲဒီနောက် ဖလောရင့်စ် ရဲအရာရှိလေးယောက်နဲ့ ငြိမ်ဝပ်ပိပြားရေးရုံးက ဝန်ထမ်း ၃ယောက် သေနတ်ကျည်ဆံ ထိမှန်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းစာ ရှင်းလင်းပွဲမှာ အတည်ပြု ပြောပါတယ်။ ရဲအရာရှိတွေထဲက တယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ အရာရှိ ၆ ဦးရဲ့ အခြေအနေကို မသိရသေးပေမယ့် တချို့က ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့တယ်လို့ ရိုက်တာ သတင်းမှာ ရေးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up