ချဲလ်ဆီးကွင်းလယ်လူ ဒရင့်ဝါးတား အသင်းသစ်ရှာရန် ပြင်ဆင်နေ

ချဲလ်ဆီးအသင်းမှာ အဆင်မပြေဖြစ်နေတဲ့ ဒရင့်ဝါးတားဟာ အသင်းသစ်ရှာဖို့ ပြင်ဆင်နေပါတယ်။ အသက် ၂၈ နှစ်ရှိ ဒရင့်ဝါးတားဟာ နည်းပြဆာရီ ရောက်ရှိလာပြီးနောက် မန်စီးတီးနဲ့ ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲမှာ မိနစ် ၃ဝ ပါဝင်ကစားခဲ့တာကလွဲလို့ တပွဲမှ ပါဝင်ကစားခွင့်မရဘဲ ဖြစ်နေတာပါ။ ဒရင့်ဝါးတားဟာ အင်္ဂလန်လက်ရွေးစင်အသင်းကနေလည်း ချန်လှပ်ခံခဲ့ရတာကြောင့် ပုံမှန်ပွဲထွက်ခွင့်ရမယ့် အသင်းတသင်းကို ပြောင်းရွှေ့ဖို့ စီစဉ်နေတာပါ။ သူဟာ ယူရိုပါလိဂ်ပြိုင်ပွဲ လူစာရင်းမှာလည်း ထည့်သွင်းထားခြင်း မရှိဘူးလို့ သိရပါတယ်။ ဒီလိုအခြေအနေတွေ ရင်ဆိုင်နေရပေမယ့် လာမယ့်ဇန်နဝါရီမှာတော့ အသင်းပြောင်းဖို့မရှိဘဲ ရာသီကုန်မှ အသင်းပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သိရပါတယ်။ ကွင်းလယ်ကစားသမား ဒရင့်ဝါးတားဟာ လက်စတာအသင်းနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား ရယူနိုင်ခဲ့ပြီး တနှစ်အကြာမှာ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။

//
More News
Up