A d v e r t i s e m e n t With Us

နာပိုလီကို ရှုံးနိမ့်ခဲ့မှု လက်ခံဟု လီဗာပူးနည်းပြ ပြော

နာပိုလီနဲ့ ချန်ပီယံလိဂ်ပွဲက အရှုံးကို လက်ခံကြောင်း လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်က ပြောကြားလိုက်ပါတယ်။ လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အီတလီကလပ် နာပိုလီအသင်းကို တဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒီပွဲမှာ ဂိုးပေါက်တည့်တဲ့ကန်ချက် တလုံးမှ မရှိခဲ့တာကြောင့် အရှုံးရလဒ်က လုံလောက်ခဲ့ပြီး နာပိုလီအသင်းက အနိုင်သုံးမှတ်နဲ့  ထိုက်တန်တယ်လို့ ဂျာဂင်ကလော့ပ်က ပြောပါတယ်။ လီဗာပူးအသင်းအနေနဲ့ ၂၀၀၆ ခုနှစ်မှာ ဘင်ဖီကာအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဂိုးပေါက်တည့်တဲ့ ကန်သွင်းမှုမရှိခဲ့တဲ့ပွဲ အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ လီဗာပူးအသင်းဟာ နာပိုလီနဲ့ပွဲမှာ ဆာလက်၊ ဖာမီနို၊ မာနေးတို့လို အဓိက တိုက်စစ်ကစားသမားတွေနဲ့ ပွဲထွက်ခဲ့ပေမယ့် ဂိုးပေါက်တည့်တဲ့ကန်ချက် တလုံးမှမရှိဘဲ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up