Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး နုတ်ထွက်
DVB
·
October 4, 2018
ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်စန်းစန်းရီကို ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်တယ်လို့ နိုင်ငံတော်သမ္မတရုံးက အောက်တိုဘာ ၃ ရက် နေ့စွဲနဲ့  အမိန့်စာထုတ်ပြန် ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၁၂၊ ပုဒ်မခွဲ (က)နဲ့ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေပုဒ်မ ၄၉ ပုဒ်မခွဲ (က)ပါ ပြဋ္ဌာန်းချက်တွေအရ နိုဝင်ဘာ ၁ ရက်ကစပြီး ရာထူးကနေ နုတ်ထွက်ခွင့်ပြုလိုက်တာလို့ သမ္မတ ဦးဝင်းမြင့် လက်မှတ်ထိုးထုတ်ပြန်တဲ့ အမိန့်စာ မှာဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီး ဒေါ်စန်းစန်းရီဟာ ဘာကြောင့် ခုလို နုတ်ထွက်သွားရတယ်ဆိုတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးပေမယ့် သူ့ရဲ့ သဘောဆန္ဒ အလျောက် နုတ်ထွက်ခွင့် ပြုလုပ်တာလို့  သမ္မတရုံး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024