Home
အနုပညာ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေ ပြနေသလဲ (ရုပ်သံ)
DVB
·
October 4, 2018
ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေအ တွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင် ဇာတ်ကားတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားတကား ရှိပါတယ်။ ဒီကားကတော့ Crime Drama အမျိုးအစား Hollywood ရုပ်ရှင်ကားကောင်းတကားဖြစ်တဲ့ The Hate U Give ! ဒီကားဟာ The New York Times Bestseller စာအုပ်တအုပ်ဖြစ်တဲ့ African- American စာရေးဆရာမ Angie Thomas ရဲ့ စာအုပ်ကို ရုပ်ရှင်အဖြစ်အသက်သွင်းပြီး  အမေရိကန်ရုပ်ရှင် ဒါရိုက်တာ George Tillman Jr. က ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါ တယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ မတူကွဲပြားမှုတွေကြားက ဖြစ်ပေါ်လာတဲ့ ဖိနှိပ်ချုပ်ချယ်မှု ၊ အမုန်းတရား၊ ခွဲခြားဆက်ဆံမှု၊ အငြိုးအတေး အာဃာတတွေကြားက အမှန်တရားကို ဘယ်လိုရင်ဆိုင်ဖော်ထုတ်သလဲဆိုတာကို ရှုစားကြရမှာပါ။ Starr Carter ဟာ အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက် လူမည်းကျောင်းသူ လေးတယောက်ပါ။ သူက အလွှာ ၂ ခုကြားက ကမ္ဘာ ၂ ခုမှာ နေထိုင်တယ်လို့ ပြောရမှာ ပါပဲ။ ဆင်းရဲတဲ့ အိမ်နီးချင်း လူမည်းတွေ မိသားစု၊ သူငယ်ချင်းတွေရဲ့ ကမ္ဘာနဲ့ ကျောင်းမှာ တော့ ချမ်းသာတဲ့ လူဖြူသူငယ်ချင်းအ၀န်းအ၀ိုင်းတွေကြားမှာ ဟန်ချက်ညီအောင် နေ ထိုင်ရတဲ့ သူတယောက်ပါ။ တနေ့မှာတော့ သူ့ရဲ့ ငယ်သူငယ်ချင်း လူမည်းကောင်လေး Khalil ကို လူဖြူရဲတွေက ပစ်သတ်ခဲ့တာကို သူကိုယ်တိုင် ကြုံတွေ့ခဲ့ရပြီးနောက်မှာ ဘာတွေဆက်ဖြစ်လာမလဲ။ အမှန်တရားအတွက်တော့ Starr ဟာ ရပ်တည်ရမယ်။ ဒီအချိန်မှာ သူ့ရဲ့ အသံကို ထုတ်ဖော်ဖွင့်ထုတ်ခွင့်ရမလား၊ ဘယ်လိုတွေ ဆက်ပြီး အမှန် တရားအတွက် လှုပ်ရှားတက်ကြွသူတယောက်ဖြစ်လာလဲဆိုတာကို ဒီကားထဲ မှာ ရှုစားကြရမှာပါ။ ဒီကားထဲက အဓိကဇာတ်ကောင် Starr အဖြစ် The Hunger Games ရုပ်ရှင် ကားနဲ့ လူသိများလာတဲ့ အမေရိကန်သရုပ်ဆောင် မင်းသမီး Amandla Stenberg က ခေါင်းဆောင်ပါဝင်ထားပြီး သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားတဲ့ ငယ်သူငယ်ချင်း ကောင်လေး Khalil နေရာမှာတော့ အမေရိကန်သရုပ်ဆောင် Algee Smith က တွဲဖက် သရုပ်ဆောင်ထားတာပါ။ တခြားသရုပ်ဆောင်တွေအနေနဲ့ နာမည်ကြီးသရုပ်ဆောင် မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Regina Hall, Russell Hornsby တို့နဲ့အတူ သရုပ် ဆောင်တွေ အများကြီး ပါဝင်ထားပါတယ်။ Rotten Tomatoes မှာ Rating 96 % ထိ ရရှိနေတဲ့ ဒီရုပ်ရှင်ကားကို နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Toronto International Film Festival မှာ ပြီးခဲ့တဲ့ စက်တင် ဘာလ ၇ ရက်နေ့က ကနဦးပြသခဲ့ပြီး ချီးကျူးမှု၊ အားပေးမှုတွေလည်း ရရှိထားပါတယ်။ ဒီကားထဲမှာ ကြမ်းတမ်းတဲ့ သွေးထွက်သံယိုမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ဇာတ်ဝင်ခန်း ပြောစကား Dialog တွေ ပါဝင်နေတာမို့ အသက် ၁၃ နှစ်အောက် ကလေး ငယ်တွေကို မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG - 13 အဆင့် သတ်မှတ် ထားပါတယ်။ ကြာမြင့်ချိန် ၁၃၂ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် အောက်တိုဘာလ ၅ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ဇာတ်ကားကေ တော့  နာမည်ကြီး အမေရိကန် ပေါ့ပ်အဆိုတော် Lady Gaga ကို သရုပ်ဆောင်မင်းသ မီးတယောက်အနေနဲ့ ပွဲဦးထွက် မြင်တွေ့ရမယ့် A Star Is Born ! နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီတခုဖြစ်တဲ့ Warner Bros. Pictures က ထုတ်လုပ်လိုက်တဲ့ ဒီကားကို အမေရိကန်သရုပ်ဆောင်မင်းသား Bradley Cooper က ဒါရိုက်တာအနေနဲ့ရော သရုပ်ဆောင်အနေနဲ့ပါ ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ ၁၉၃၇ ခုနှစ်က အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကို ပြန်ပြီး ရိုက်ကူးထား တာဖြစ်ပြီး ဂီတရွက်ပုန်းသီး အနုပညာရှင် အဆိုတော်မလေးတဦးနဲ့ သူ့ကို ပျိုးထောင်ပေးတဲ့ ဂီတပညာရှင်တဦးရဲ့ အကြောင်းကို အချစ်၊ ဂီတ၊ ဒရာမာပုံစံ ရိုက်ကူးပုံ ဖော်ထားခဲ့တာပါ။ ဒီ ရုပ်ရှင်ကားဟာ Lady Gaga ရော Bradley Cooper တို့ ၂ ဦးလုံး အတွက် ပုံစံတမျိုးစီနဲ့ သရုပ်ဆောင်အဖြစ်၊ ဒါရိုက်တာအဖြစ် တာဝန်ယူရတဲ့ ရုပ်ရှင်ကား အနေနဲ့ မှတ်တမ်းဝင်သွားပါတယ်။ ဒီကားထဲမှာ တခြားသရုပ်ဆောင်မင်းသား မင်းသမီးတွေအနေနဲ့ Andrew Dice Clay, Dave Chappelle, Sam Elliott တို့ကလည်း အားဖြည့်ပါဝင်ထားကြတာ ဖြစ်ပါ တယ်။ A Star Is Born ရုပ်ရှင်ကားကို နာမည်ကြီးရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Venice International Film Festival မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က ပြသခဲ့ပြီး သရုပ် ဆောင်၊ ဒါရိုက်တာ၊ ဂီတနဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့ ကားတကားဖြစ်တယ်ဆိုပြီး ချီး ကျူးမှုတွေ ရရှိထားတာပါ။ ရုပ်ရှင်ကားထဲမှာ လိင်ပိုင်းဆိုင်ရာ ကြမ်းတမ်းတဲ့ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေ၊ ဘာသာစကားတွေ ပါဝင်နေတာမို့ ဒီကားကို အသက်မပြည့်သေးတဲ့ ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့မသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထား ပါတယ်။ ဘတ်ဂျတ် အမေရိကန်ဒေါ်လာ ၃၆ သန်း အကုန်အကျခံ ရိုက်ကူးထားတဲ့ A Star Is Born ရုပ်ရှင်ကားဟာ IMDb မှာလည်း Rating 8.8 အထိ ရရှိထားပြီး ရုံမတင်ခင်က တည်းက နာမည်ကြီးနေခဲ့တာပါ။ ကြာမြင့်ချိန် ၁၃၅ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် အောက်တိုဘာလ ၅ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစပါတယ်။ မူဗီခရေဇီတွေကို  ဒီတခါ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ မြန်မာ ရုပ်ရှင်ကားတကား ဖြစ်ပါတယ်။ မှော်ကျောက်စာလို့ အမည်ရပါတယ်။ ဒီကားကိုတော့ Myanmar Media 7 ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက် တာဖြစ်ပါတယ်။ ခူးခူးရဲ့ ၀တ္ထုကို အင်ကြင်းဟန်နဲ့ မြင့်ဦးဦးမြင့်တို့က ဇာတ်ညွှန်းခွဲပေး ထားကြပြီး ဒါရိုက်တာ ၀င်းထွန်းထွန်းက ရိုက်ကူးပုံဖော်ပေးထားခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ လွန်ခဲ့တဲ့ နှစ်ထောင်ချီကာလ ရာဇ၀င်ထဲက အဖြစ်အ ပျက်တွေနဲ့ လက်ရှိအချိန်ကာလ ချိတ်ဆက်ဖန်တီးပြီး ထူးထူးခြားခြား ပုံဖော်ရိုက်ကူးထား ခဲ့တာပါ။ အိပ်ယာက နိုးလာတိုင်း ပါးပေါ်မှာ နှုတ်ခမ်းနီရာ ထင်ကျန်နေတတ်တဲ့ ကောင် လေးတယောက်နဲ့ နှစ်ပေါင်းထောင်နဲ့ချီပြီး လူ့လောကကြီးမှာ နေထိုင်ရတဲ့ ထူးဆန်းတဲ့ ကောင်မလေးတယောက်ရဲ့ ပတ်သက်မှုတွေ၊ မှော်ကျောက်စာတချပ်ကြောင့် ဖြစ်တည် လာခဲ့တဲ့ သူတို့ရဲ့ ချစ်ခြင်းမေတ္တာတရားတွေကို ဒီကားထဲမှာ ဘယ်လိုပုံဖော်ဖန်တီးထားမ လဲဆိုတာကိုတော့ ပရိသတ်တွေက မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ မြင့်မြတ်၊ ထွန်း ထွန်း၊ သူထူးစံ၊ ဖြိုးငွေစိုး၊ ရွှေမှုံရတီ၊ မေမြင့်မိုရ်၊ မေသန်းနုတို့နဲ့အတူ တခြားဇာတ်ပို့ဇာတ် ရံသရုပ်ဆောင်တွေ အများကြီးက ပါဝင်သရုပ်ဆောင်ထားကြတာပါ။ မှော်ကျောက်စာရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ ဇာတ်ဝင်သီချင်းတွေကိုတော့ အဆိုတော် ကေကေမိုးနဲ့ ၀တ်ရည် ထက်တို့က သီဆိုပေးထားကြတာပါ။ ရုပ်ရှင် Trailer ဟာဆိုရင်လည်း Facebook အင် တာနက်စာမျက်နှာပေါ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ထူးခြားတဲ့ ဇာတ်အိမ်နဲ့ ရာဇ၀င်သမိုင်းနောက်ခံ အချစ်ဒရာမာရုပ်ရှင်ကားတကား ဖြစ်တဲ့ မှော်ကျောက်စာရုပ်ရှင်ကားကိုတော့ လာမယ့် အောက်တိုဘာလ ၅ ရက်နေ့မှာ ရုံ တင်ပြသသွားမှာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ မြန်မာပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ Mr. Bean ပါဝင်တဲ့ ဟောလိဝုဒ်ရုပ်ရှင်ကားတကား ဖြစ်ပါတယ်။ ဒီကားရဲ့ နာမည်ကတော့ Johnny English Strikes Again ! Hollywood Action Spy Comedy အမျိုးအစားရုပ်ရှင်တွေ နှစ်သက်ကြတဲ့ ပရိ သတ်တွေ အကြိုက်တွေ့စေမယ့် ဇာတ်ကားဖြစ်ပြီး ဒီကားကိုတော့ Irish ရုပ်ရှင်ဒါရိုက် တာ David Kerr က ပုံဖော်ရိုက်ကူးပေးထားတာပါ။ ဒီကားထဲမှာတော့ Mr. Bean လို့ သိကြတဲ့ သရုပ်ဆောင်မင်းသား Rowan Atkinson ကို British MI7 Spy - Johnny English အဖြစ် ပရိသတ်တွေက တွေ့ကြရ မှာ ဖြစ်ပါတယ်။ Cyber တိုက်ခိုက်ခံရပြီး ခြိမ်းခြောက်လာတဲ့ အမှုကို စုံစမ်းထောက်လှမ်း နိုင်ဖို့ သူဟာ နောက်ဆုံး မျှော်လင့်ချက်ဖြစ်လာချိန်မှာတော့ ဘယ်လိုရယ်မောစရာ က မောက်ကမ အခြေအနေတွေ ဖြစ်လာမလဲ။ Mr. Johnny English ကရော Mission အောင်မြင်အောင် လုပ်ဆောင်နိုင်မလား၊ ဒီတိုက်ခိုက်မှုကို တားဆီးကာကွယ်နိုင်မလား ဆိုတာကိုတော့ ပရိသတ်တွေက မကြာခင်မှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကို နာမည်ကြီးရုပ်ရှင်ကုမ္ပဏီတခုဖြစ်တဲ့ Universal Pictures က တင်ဆက်လိုက်တာဖြစ်ပြီး Johnny English ရုပ်ရှင် Series တွေရဲ့ တတိယမြောက်ရုပ် ရှင်ကားအဖြစ် ထွက်လာခဲ့တာပါ။ ပထမဆုံး Johnny English ရုပ်ရှင်ကားကိုတော့ ၂၀၀၃ ခုနှစ်မှာ စတင်ခဲ့ပြီး ဒုတိယတကားဖြစ်တဲ့ Johnny English Reborn ကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တာမို့ ခုလက်ရှိထွက်လာတဲ့ကားက ၇ နှစ်အကြာမှာ ထပ်ထွက် ရှိလာခဲ့တာပါ။ ဒီကားထဲမှာ Rowan Atkinson နဲ့အတူ ပြင်သစ်သရုပ်ဆောင်မင်းသမီး Olga Kurylenko, ဗြိတိန်သရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Ben Miller, Adam James, Emma Thompson တို့က အတွဲညီညီ ပါဝင်သရုပ်ဆောင်ထားခဲ့ကြတာပါ။ ကြာမြင့်ချိန် ၈၉ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 6.7 ထိ ရရှိထားတာဖြစ်ပါတယ်။ ဒီကားထဲမှာ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့် ရှုဖို့မသင့်တော်တဲ့ ကြမ်းတမ်းတဲ့ ပြကွင်းပြကွက်တွေ၊ ဇာတ်ဝင်ခန်းတွေ၊ ပြောစကား Dialog တွေ ပါဝင်နေတာမို့ PG -13 အဆင့် သတ်မှတ်ထားပါတယ်။ လက်ရှိ ရုံတင်ပြသနေတဲ့ Johnny English Strikes Again ရုပ်ရှင်ကားဟာ Box Office မှာတော့ ၀င်ငွေ အမေရိကန်ဒေါ်လာ ၄၅ ဒဿမ ၈ သန်း ရရှိထားပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ မြန် မာရုပ်ရှင်ကားတကားဖြစ်တဲ့ တည်ကြက်။ ဒီရုပ်ရှင်ကားကိုတော့ လူစွမ်းကောင်းရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာ ဖြစ်ပြီး ဘရဏီကျော်ရဲ့ ဇာတ်လမ်းကို မောင်မြတ်ဆွေက ဇာတ်ညွှန်းခွဲထားပြီး ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)က ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။ ကြမ်းကြမ်းရမ်းရမ်း တိုက်ခိုက်မှုတွေ၊ စွန့်စားမှုအက်ရှင်ပြကွက်တွေနဲ့ ကြည့်ရှုကြရ မယ့် ဒီရုပ်ရှင်ကားထဲမှာတော့ နာမည်ကြီး သရုပ်ဆောင်မင်းသား နေတိုးနဲ့အတူ မင်းသ မီး ၇ လက်က တွဲဖက်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ နေတိုးက လမ်းပြတောမုဆိုးတယောက်အနေနဲ့ သရုပ်ဆောင်ထား ပြီး သူဟာ မျက်စိမမြင်ရတဲ့ ညီမဖြစ်သူနဲ့အတူ နေထိုင်တယ်။ တနေ့မှာတော့ သူနေ ထိုင်တဲ့ ရွာကို မိန်းကလေး ၇ ယောက် ထူးထူးဆန်းဆန်း ရောက်လာခဲ့ကြတယ်။ သူတို့ က သုတေသနစာတမ်းပြုစုဖို့အတွက် ရှေးဟောင်းမြို့ပျက်တမြို့ကို ရှာဖွေဖို့ဆိုပြီး သူ့ကို လမ်းပြအဖြစ် ခေါ်သွားခဲ့ကြတယ်။ တကယ်တမ်းမှာတော့ အဲဒီမိန်းကလေးတွေက ဂျပန် ခေတ်က စစ်ရှုံးလို့ ဆုတ်ခွာသွားတဲ့အချိန်မှာ ပါသွားခဲ့တဲ့ ရတနာသိုက်ကို လာရှာဖွေကြ တာပါ။ ဒါပေမယ့် လောဘ၊ သံသယတွေကြောင့် သူငယ်ချင်းအချင်းချင်း သစ္စာဖောက်မှု တွေ ဖြစ်လာပြီး တောနက်ထဲမှာ သူတို့အုပ်စုထဲက တယောက်ပြီး တယောက် သေဆုံး ချိန်မှာတော့ အခြေအနေတွေဟာ ပိုပြီး ရှုပ်ထွေးလာခဲ့တယ်။ နောက်ဆုံးမှာ ဘယ်သူတွေ အသက်ရှင်ကျန်နေမလဲ။ သစ္စာဖောက်ကရော ဘယ်သူလဲ။ ရတနာသိုက်ကိုရော သူတို့ ထဲက ဘယ်သူတွေက နောက်ဆုံးတွေ့ရှိသွားမလဲဆိုတာကိုတော့ ပရိသတ်တွေက မ ကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ နေတိုးနဲ့အတူ သရုပ်ဆောင် မင်းသား နေမျိုးအောင်၊ သရုပ်ဆောင် မင်းသမီးတွေ ဖြစ်ကြတဲ့ သင်ဇာဝင့်ကျော်၊ ရွှေသမီး၊ ယင်လက်၊ နန်းခင်ဇေယျာ၊ မေမြတ် နိုး၊ ချောကလျာ၊ ကြည်ဖြူရှင်းသန့်တို့က အတွဲညီညီ ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါ တယ်။ ရုပ်ရှင်အထူးပွဲပြသမှုကိုတော့ စက်တင်ဘာလ ၃၀ ရက်နေ့က သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာပါ။ ခက်ခက်ခဲခဲ ဇာတ်ဝင်ခန်းတွေနဲ့ စွန့်စွန့်စားစား ရိုက်ကူးခဲ့ရတဲ့ ဒီရုပ်ရှင်ကား Trailer ဟာလည်း ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ၀င်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်းကျော်ရှိနေခဲ့တာပါ။ ဒီကားကိုတော့ လာမယ့် အောက်တိုဘာလ ၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ် ပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၃၀ နာရီမှာ ထုတ်လွှင့်ပြသနေတာဖြစ်ပါတယ်။ ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ ကြာသပတေးနေ့ည ၉.၃၀ နာရီ၊ စနေနေ့ နေ့လည် ၁၂.၁၅ နာရီနဲ့ တနင်္ဂနွေနေ့မနက် ၉.၁၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကားတွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း ကြည့်ရှုအားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024