A d v e r t i s e m e n t With Us

သရုပ်ဆောင်မင်းသွေး ရုတ်တရက် ကွယ်လွန်

ဓာတ်ပုံ - MinThway Facebook
ရုပ်ရှင်နဲ့ ဗွီဒီယိုသရုပ်ဆောင် တေးသံရှင် မင်းသွေးဟာ အောက်တိုဘာ ၃ ရက်၊ ည ၁၁ နာရီ ၂၀ မိနစ်က ရုတ်တရက် ကွယ်လွန်သွားတယ်လို့ ကျန်ရစ်သူမိသားစုက ဆွေမျိုး၊ မိတ်ဆွေ၊ ပရိသတ်တွေကို အသိပေး ကြေညာထားပါတယ်။ သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ အသေအချာ မသိရသေးပေမယ့် မနေ့ညက အပေါင်းအသင်းတွေနဲ့အတူ ဘောလုံးကန်ပြီး ခေတ္တနား ရေသောက်ချိန်မှာ အမောဖောက် သေဆုံးခဲ့တာလို့ သတင်းတွေ ထွက်နေပါတယ်။ သူ့ရဲ့ ရုပ်အလောင်းကိုတော့ သင်္ကန်းကျွန်း စံပြဆေးရုံကြီးကို ပို့ဆောင်ထားပါတယ်။ သရုပ်ဆောင် မင်းသွေး (ခေါ်) နေမင်းအောင်ဟာ ကွယ်လွန်ချိန်မှာ အသက် ၃၃ နှစ်အရွယ် ရှိပြီဖြစ်ပြီး နာမည်ကြီးသရုပ်ဆောင် အကယ်ဒမီ မင်းသား နေတိုးရဲ့ ညီအရင်း ဖြစ်ပါတယ်။ မကွယ်လွန်ခင်အချိန်အထိ ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ မြခွာညို ဝါဝါဝင်းအိမ်ယာ၊ ပိတောက်လမ်းနေအိမ်မှာ မိသားစုနဲ့အတူနေထိုင်ရင်း အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ သရုပ်ဆောင်မင်းသွေးဟာ လတ်တလော ဒါရိုက်တာသားညီ ရိုက်ကူးထားတဲ့ သတ်ကွင်းဇာတ်ကားမှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up