တောင်နှင့်မြောက်ကိုရီးယား နှစ်နိုင်ငံ နယ်စပ်တွင် မြေမြှုပ်မိုင်းများ ရှင်းလင်း

တောင်ကိုရီးယား စစ်တပ်က တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံကို ပိုင်းခြားထားပြီး စစ်တပ်အကြီးအကျယ် ချထားတဲ့ နယ်စပ်က ပူးတွဲလုံခြုံရေးဧရိယာ (JSA) မှာ မြေမြှုပ်မိုင်းတွေ ရှင်းလင်းနေပါတယ်။ ဒီစီမံကိန်းကို ကိုရီးယားကျွန်းဆွယ်အတွင်း ယုံကြည်မှု တည်ဆောက်ရေးနဲ့ တင်းမာမှု လျှော့ချရေး သဘောတူညီချက်အရ အောက်တိုဘာ ၁ ရက်နေ့က စတင်လုပ်ဆောင်တာပါ။ အရင်လက မြောက်ကိုရီးယားမြို့တော် ပြုံယမ်းမှာ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းနဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းတို့ကြား ထိပ်သီးညီလာခံအတွင်း ပဋိညာဉ်ရဲ့ အသေးစိတ် အချက်အလက်တွေကို သဘောတူခဲ့ကြပါတယ်။ လာမယ့်ရက် ၂၀ အတွင်း ပန်မွန်ဂျုံဒေသ ပူးတွဲလုံခြုံရေး ဧရိယာမှာ ရှိနေတဲ့ မြေမြှုပ်မိုင်းတွေ အားလုံးကို ဖယ်သွားဖို့ ၂ ဖက်လုံးက သဘောတူထားတယ်။ တောင်ကိုရီးယားဘက်က ဘေးအန္တရာယ်ရှိတဲ့ အလုပ်တွေကို စစ်အင်ဂျင်နီယာတွေက လုပ်သွားမယ်လို့ ကာကွဝ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားပါတယ်။ သဘောတူညီချက်ထဲမှာ JSA ကနေ မြေမြှုပ်မိုင်းတွေကို ဖယ်ပြီးရင် အစောင့်တပ်စခန်းတွေနဲ့ လက်နက်တွေကို ဖယ်ရှားရေးလည်း ပါပါတယ်။ တပ်ဖွဲ့တွေကတော့ လက်နက်မပါဘဲ စောင့်ကြပ် ကျန်ရစ်မှာပါ။ ကိုရီးယား ၂ နိုင်ငံက တပ်တွေ မျက်နှာချင်းဆိုင် ရှိနေတဲ့ စစ်တပ်ကင်းမဲ့ဇုန် DMZ ဟာ ၁၅၅မိုင် ရှည်ပြီး JSA ကတော့ အဲဒီမျဉ်းပေါ်က နေရာတခု ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up