ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
October 3, 2018
မတ်ပဲ
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲကတော့ ပိဿာ ၆၀ ၀င် ၁ အိတ်ကို ၅၀၆၀၀ ပေါက်ဈေးရှိပြီး မနေ့က ဈေးအတိုင်း ပြောင်းလဲမှုမရှိပါဘူး။ မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၄၅၀၀၀ ကနေ ၅၃၀၀၀ ပေါက်ဈေရှိပြီး ၁ အိတ်ကို ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၂၄၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။
ပဲစင်းငုံနီ
မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲစင်းငုံနီက အသစ်က ၁ အိတ်ကို ၃၈၀၀၀ ကနေ ၄၅၅၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၃၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၄၂၆၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေး နဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၂၉၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။
ကုလားပဲ v2
မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် ၁ အိတ်ကို ၇၄၀၀၀ ပေါက်ဈေးရှိပြီး မနေ့ကဈေးအတိုင်း ပြောင်းလဲမှုမရှိပါဘူး။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၇၃၅၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေး နဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၅၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။
နှမ်းညို
မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ နှမ်းညိုက ၁ အိတ်ကို ၁၄၀၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၃၈၃၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၂၀၀ ကျပ်ဈေးကျသွားပါတယ်။ မန္တလေး နဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၁၇၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
ပဲနီပြား
မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ပဲနီပြားက ၅၅.၂၅ ပိဿာဝင် ၁ အိတ်ကို ၁၁၅၀၀၀ ကနေ ၁၂၀၀၀၀ ပေါက်ဈေးရှိပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၁၀၅၀၀ ကနေ ၁၃၂၆၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၅၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေး နဲ့ မြင်းခြံကုန်စည်ဒိုင် ၁ အိတ်ကို ၁၂၆၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။
ကြက်သွန်နီ
ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကြက်သွန်နီက ၁ အိတ်ကို ၉၀၀ ကနေ ၁၀၅၀ ရှိပြီး ၁ အိတ်ကို ၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၉၀၀ ကနေ ၁၁၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူ နဲ့ မြင်းခြံကုန်စည်ဒိုင် ၁ အိတ်ကို ၅၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။
ဖော်ပြထားတဲ့ သီးနှံတွေထဲက မတ်ပဲကတော့ ဈေးတက်လာနေပါတယ်။ အိန္ဒိယအ၀ယ်နည်းနေပေမယ့် တရုတ်က အ၀ယ်လိုက်လာတာ ဖြစ်တဲ့အတွက် ဈေးက တက်လာခဲ့ပါတယ်။ ပြည်တွင်းဝယ်ယူမှုကလည်း များတဲ့အတွက် သုံးရက်အတွင်း တစ်တန်ကို ငွေကျပ် ၂ သောင်းနီးပါးဈေးတက်လာခဲ့ပါတယ်။
ကြက်သွန်နီကတော့ ဈေးပြန်ကျဆင်းသွားခဲ့ပါတယ်။ ကုန်စည်ဒိုင်ကို ကြက်သွန် အ၀င်နည်းနေပေမယ့်လည်း ဈေးအေးနေတဲ့အပြင် တရုတ်ကြက်သွန်တွေကလည်း အ၀င်များတဲ့အတွက် ကြက်သွန်ဈေး အနည်းငယ်ကျဆင်းသွားခဲ့တာပါ။
ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။
သတင်း – AMIA