ဂိုးသမား ပီတာချက် ဒဏ်ရာကြောင့် ၄ ပတ်ခန့် အနားယူရမည်

အာဆင်နယ်ဂိုးသမား ပီတာချက်ဟာ တံကောက်ကြောဒဏ်ရာကြောင့် ၄ ပတ်လောက် အနားယူရမယ်လို့ နည်းပြအူနိုင်းအမ်မရီက အတည်ပြုလိုက်ပါတယ်။ ပီတာချက်ဟာ ၀က်ဖို့ဒ်ကို ၂ ဂိုး ဂိုး မရှိနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ဒဏ်ရာရခဲ့တာပါ။ ဒီအခြေအနေကြောင့် ဒီနှစ်ရာသီအစက ခေါ်ယူထားတဲ့ ဂျာမနီဂိုးသမား လီနိုကို ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုမယ်လို့ သိရပါတယ်။ လီနိုဟာ ၀က်ဖို့ဒ်နဲ့ပွဲမှာ ပီတာချက်ရဲ့နေရာမှာ လူစားလဲကစားခဲ့ပြီး သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ပွဲစဉ်မှာ လက်စွမ်းပြခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ လာမယ့် ကြာသာပတေးနေ့မှာ ကွာရာဘက်နဲ့ ယူရိုပါလိဂ်ပွဲစဉ်ကစားရမှာဖြစ်ပြီး တနင်္ဂနွေနေ့မှာတော့ ဖူဟမ်နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up