Home
မြန်မာသတင်း
ပခုက္ကူမြို့တွင် မြို့ဝင်ကြေးကောက်ခံနေမှု ပယ်ဖျက်    
DVB
·
October 3, 2018
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ကို ဝင်လာတဲ့ မော်တော်ယာဉ်တွေထံကနေ  မြို့ဝင်ကြေး ကောက်ခံနေတာကို အောက်တိုဘာ ၁ ရက်ကစပြီး ရပ်နားလိုက်ပြီလို့ ပခုက္ကူခရိုင် စည်ပင်သာယာရေးအဖွဲ့ကပြောပါတယ်။ ပခုက္ကူခရိုင် စည်ပင် လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မင်းကြိုင်က “၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်ရဲ့ နှစ်စဖြစ်တဲ့ ဒီအောက်တိုဘာလ တစ်ရက်နေ့ကစပြီး ပိတ်သိမ်းလိုက်ပါပြီ၊။ ဘာကြောင့် ပိတ်သိမ်းတာလဲဆိုတော့ မြို့ဝင်ဂိတ်တွေမှာ မြို့ဝင်ဘီးခွန်ကောက်တယ်၊  ပြည်သူတွေမှာ ဝန်ထုပ်ဝန်ပိုးဖြစ်တယ်။ စိတ်ငြိုငြင်မှုဖြစ်တယ်ဆိုပြီးတော့ တိုင်းဒေသကြီး အစိုးရက ဒါတွေကို ပိတ်လိုက်ခြင်းဖြစ်ပါတယ်” လို့ပြောပါတယ်။ ပခုက္ကူမှာ မြို့ဝင်ကြေးပေးဆောင်ရတဲ့ ဂိတ်လေးဂိတ်ရှိပြီး တန် ၃၀ အထက်ယာဉ်ကို ကျပ် ၁၀၀၀၊ ၁၂ တန်နဲ့ တန် ၃၀ အကြားယာဉ်တွေကို ကျပ် ၈၀၀၊  ၆ တန်နဲ့ ၁၂ တန်အကြား ယာဉ်တွေကို ကျပ် ၅၀၀၊ ၂ တန်နဲ့ ၆ တန်အကြားယာဉ်တွေကို ကျပ် ၃၀၀ နဲ့ ၂ တန်အောက်ယာဉ်တွေကိုတော့ ကျပ် ၂၀၀ ကောက်ခံနေတာတွေကို ရပ်ဆိုင်းလိုက်တာပါ။ အခုလို မြို့ဝင်ကြေးကောက်ခံမှုကို ပယ်ဖျက်လိုက်တာကြောင့် စည်ပင်သာယာအဖွဲ့ အနေနဲ့ မြို့တွင်းဖွံ့ဖြိုးရေးလုပ်ဆောင်ဖို့ ဝင်ငွေနည်းသွားတယ်လို့ဆိုပါတယ်။ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မင်းကြိုင်က “မြို့ဝင်ဘီးခွန်ကောက်ဂိတ်တွေကို လေလံပစ်တဲ့အခါမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ သိန်းပေါင်း ၁၁၃၈ သိန်းရပါတယ်။ ၂၀၁၇-၁၈ မှာ လျှော့သွားတယ်၊ သိန်းပေါင်း ၉၈၀ ကျော်ကျော်လေးပဲရတယ်။ ဒါပေမယ့် ၂၀၁၈ မီနီဘတ်ဂျက်မှာ လေလံယှဉ်ပြိုင်တာများလာပြီး ဘယ်လောက်ရလာလဲဆို သိန်းပေါင်း ၇၁၃ သိန်းရလာတယ်။ ခြောက်လမှာ ရ၁၃ သိန်း အရပ်တွက်တွက်မယ်ဆိုရင်တော့ ၁၂ လစာဆို သိန်းပေါင်း ၁၄၀၀ လောက် လျှော့တာပေါ့” လို့ ပြောပါတယ်။ ခုလိုမြို့ဝင်ကြေး ပယ်ဖျက်မှုကို ပခုက္ကူတမြို့တည်းသာမက မကွေးတိုင်းအတွင်း မြို့ကြီးတွေမှာလည်း ရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။ သတင်း - မြင့်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024