Home
အနုပညာ
သရုပ်ဆောင်မိုးအောင်ရင်အမှု အမိန့်မချနိုင်သေး
DVB
·
October 3, 2018
ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင်မိုးအောင်ရင်ကို မူးယစ်ဆေးဝါးနဲ့စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါးဆိုင်ရာ ဥပဒေနဲ့ တရားစွဲဆို  အမှုစစ်ဆေးနေတာ ၂ နှစ်ကျော် ကြာနေပြီဖြစ်ပေမယ့် ခုချိန်အထိ အမိန့်မချမှတ်နိုင်သေးပါဘူး။ အောက်တိုဘာလ ၂ ရက်နေ့ကတော့  ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးမှာ မိုးအောင်ရင်ကို ရုံးထုတ်ပြီး တရားလိုပြသက်သေတွေကို စစ်ဆေးခဲ့ပါတယ်။ သရုပ်ဆောင် မိုးအောင်ရင်ကို ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်  သြဂုတ် ၂၉ရက်က ရန်ကုန်၊ ပုဇွန်ထောင်မြို့နယ်မှာ အိုက်စ်မူးယစ်ဆေး ၁ ဂရမ်နဲ့အတူ ရဲတပ်ဖွဲ့က လက်ဝယ်ဖမ်းမိခဲ့တာပါ။ ပုဇွန်ထောင်ရဲစခန်းက သရုပ်ဆောင်မိုးအောင်ရင်ကို မူးယစ်ဆေးဝါးနဲ့စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါးဆိုင်ရာ ပုဒ်မ ၁၅/၁၆ နဲ့ အရေးယူ ထားတာဖြစ်ပါတာ ဖြစ်ပြီး လက်ရှိမှာတော့ တရားလိုပြသက်သေတွေကို စစ်ဆေးနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024