မကွေးတိုင်းတွင် အထက်တန်းပြ ဆရာ၊ ဆရာမ ၃၀၀ ကျော်လိုအပ်နေ
DVB
·
October 3, 2018
မကွေးတိုင်းထဲမှာ အထက်တန်းပြ ဆရာ၊ဆရာမပေါင်း ၃၀၀ ကျော်လောက် လိုအပ်နေတဲ့အတွက် သင်ကြားရေးပိုင်း အခက်ကြုံနေတယ်လို့ တိုင်းဒေသကြီး ပညာရေးမှူးက ပြောပါတယ်။
၂၀၁၇-၁၈ ပညာသင်နှစ်မှာ အထက်တန်းကျောင်း ၁၆ ကျောင်းက အောင်ချက် Zero ဖြစ်သွားတဲ့အတွက် အောင်ချက်မြင့်မားဖို့ကြိုးစားနေရတာပါ။
အခုလိုဖြစ်ရတာဟာ အထက်တန်းကျောင်းနဲ့ အထက်တန်းကျောင်းခွဲတွေ အဆင့်တိုးမြှင့်လိုက်လို့ သင်ကြားရေး ဆရာတွေ လုံလောက်မှုမရှိတဲ့အပြင် ပညာရေးဝန်ထမ်း မခန့်နိုင်တဲ့ကျောင်း ၁၈ ကျောင်းရှိ တယ်လို့လည်း တိုင်းပညာရေးမှူးကပြောပါတယ်။
လုပ်ငန်းခွင်အတွင်း ဆရာ၊ဆရာမတွေနဲ့ လုံလောက်မှုမရှိရင် ပြည်နယ်နဲ့ တိုင်းတွေက နေရာဒေသမရွေး သွားလာနိုင်သူတွေကို ရာထူးတိုးခန့်သွားမယ်လို့လည်းသိရပါတယ်။
မကွေးတိုင်းထဲမှာ အထက်တန်းကျောင်း၅၀၅ ကျောင်း၊ အလယ်တန်းကျောင်း ၁၈၈၈ ကျောင်းနဲ့ မူလတန်းကျောင်း ၁၉၆၈ ကျောင်းရှိပြီး ဆရာ၊ ဆရာမ ၃၀၀၀၀ ကျော် တာဝန်ထမ်း ဆောင်နေပါတယ်။