မြန်မာပရိသတ်များ လာရောက်အားပေးရန် ထိုင်း MMA ဖိုက်တာ ရီကာ ဖိတ်ခေါ်

အောက်တိုဘာလ ၆ ရက်နေ့ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ထိုးသတ်မယ့် Kingdom of Heros ပြိုင်ပွဲအတွက် ထိုင်းပရိသတ်တွေသာမက မြန်မာပရိသတ်တွေကိုပါ လာရောက်ကြည့်ရှုဖို့ ထိုင်း MMA ဖိုက်တာ ရီကာက ဖိတ်ခေါ်လိုက်ပါတယ်။ ရီကာဟာ မြန်မာကိုယ်စားပြု အန်တိုနီယာနဲ့ ထိုးသတ်သွားမှာဖြစ်ပြီး MMA အတွေ့အကြုံ ၅ ပွဲ ထိုးသတ်ထားရာမှာ ၃ ပွဲနိုင် ၂ ပွဲ သရေကျထားခဲ့ပါတယ်။ ရီကာဟာ ရုပ်ရည်ချောမောသူတယောက်ဖြစ်တာကြောင့်လည်း ထိုင်းပရိတ်သတ်တွေရဲ့ အားပေးမှု အပြည့်ရနေသူလည်းဖြစ်ပါတယ်။ သူ့ရဲ့ ရည်မှန်းချက်ကတော့ အနာဂတ်မှာ One Championship မှာ ချန်ပီယံတယောက်ဖြစ်လိုတဲ့အပြင် မော်ဒယ်သရုပ်ဆောင်အဖြစ်လည်း အသက်မွေးဝမ်းကျောင်း ပြုလိုတယ်လို့ပြောပါတယ်။ လာမယ့်ပြိုင်ပွဲမှာတော့ ပြိုင်ဘက် အန်တိုနီယာနဲ့ပတ်သက်ပြီး သန်မာတဲ့ပြိုင်ဘက်ဖြစ်တာကြောင့် ဂရုစိုက်ပြီး ယှဉ်ပြိုင်သွားမယ်လို့ပြောပါတယ်။ သတင်းနှင့်ဓာတ်ပုံ - ထက်လူ  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up