ဘရာဇီးနိုင်ငံသူ ၆၈ ပေလှိုင်းအမြင့် ရေလွှာလျှောစီး၍ ကမ္ဘာ့စံချိန်သစ်တင် (ရုပ်သံ)

ဘရာဇီးနိုင်ငံသူ မာယာ ဂါဘေဒါဟာ အမျိုးသမီးလှိုင်းစီးသူတွေထဲမှာ ကမ္ဘာ့စံချိန်သစ်  တင်ခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ် ဂါဘေဒါဟာ  ပေါ်တူဂီနိုင်ငံ နာဇရိမြို့ကမ်းခြေမှာ ဇန်န၀ါရီ ၁၈ ရက်နေ့က ၆၈ ပေမြင့်တဲ့ လှိုင်းကို ရေလွှာလျှောစီးပြခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘာ့စံချိန်တင် လှိုင်းစီးသူအဖြစ်  အောက်တိုဘာ ၁ ရက်နေ့ကမှ တရားဝင် ကြေညာခဲ့တာပါ။ ဒါ့အပြင် ဂါဘေဒါကို ဂင်းနစ်မှတ်တမ်းဝင်လက်မှတ်လည်း ချီးမြှင့်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်က ဂါဘေဒါဟာ ရေလွှာလျှောစီးပြိုင်ပွဲဝင်ရင်း သတိလစ်မေ့မြောကာ ရေနစ်သေဆုံးမလိုဖြစ်ခဲ့ပါတယ်။ ဒီအတွက် အခုလို ကမ္ဘာစံချိန်တင် မှတ်တမ်းဝင်ခဲ့တာဟာ ဂုဏ်ယူဖွယ် ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up