A d v e r t i s e m e n t With Us

ဂျူဗင်တပ်စ် ဂိုးပြတ်အနိုင်ရပြီး မန်ယူ သရေကျခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်များ (ရုပ်သံ)

ဒီနေ့မနက်အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု (အိပ်ခ်ျ) မှာ ဂျူဗင်တပ်စ်အသင်း အနိုင်ရရှိပြီး မန်ချက်စတာ ယူနိုက်တက်က သေ ရကျသွားပါတယ်။ ဂျူဗင်တပ်စ်က အိမ်ကွင်းမှာ ယန်းဘွိုင်းစ်အသင်းကို  ၃ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး မန်ယူကတော့ အိမ်ကွင်းမှာ ဗလန်စီယာအသင်းနဲ့ ဂိုးမရှိ သရေကျသွားတာပါ။ ဂျူဗင်တပ်စ်က ဘောလုံးပိုင်ဆိုင်မှု ၆၂ ရာခိုင်နှုန်းအထိ အသာစီးယူကစားနိုင်ခဲ့ပြီး ၅၊ ၃၃ နဲ့ ၆၉ မိနစ်တွေမှာ ပေါလို ဒိုင်ဘလရဲ့ ဟက်ထရစ်သွားဂိုးနဲ့ အနိုင်ရရှိခဲ့လည်းဖြစ်ပါတယ်။ ပွဲချိန် ၇၈ မိနစ်မှာ ယန်းဘွိုင်းစ်အသင်းက ကမ်မရာ နှစ်ဝါတနီနဲ့ အထုတ်ခံခဲ့ရပါတယ်။ ချန်ပီယံလိဂ် အုပ်စု (အိပ်ခ်ျ) မှာ ၂ ပွဲစီကစားထားပြီး ဂျူဗင်တပ်စ်က ရမှတ် ၆ မှတ်၊ မန်ချက်စတာ ယူနိုက်တက်က ရမှတ် ၄ မှတ်၊ ဗလင်စီယာက ရမှတ် ၁ မှတ်၊ ယန်းဘွိုင်းစ်က တမှတ်မှ မရရှိသေးဘဲ အစဉ်လိုက်ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up