A d v e r t i s e m e n t With Us

အိန္ဒိယဖခင်ကြီး မဟတ္တမဂန္ဒီ နှစ် ၁၅၀ ပြည့် မွေးနေ့ ကျင်းပ

အိန္ဒိယကိုတည်ထောင်သူ ဖခင်ကြီးနဲ့ ငြိမ်းချမ်းရေးအားပေးမြှင့်တင်သူ ဂန္ဒီရဲ့ နှစ် ၁၅၀ ပြည့် မွေးနေ့အထိမ်းအမှတ်အနေနဲ့ အိန္ဒိယနိုင်ငံတလွှားက ကျောင်းသားလေးတွေဟာ အောက်တိုဘာ ၁ ရက်နေ့မှာ မဟတ္တမဂန္ဒီလို ဝတ်စားဆင်ယင်ခဲ့ကြပါတယ်။ နိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ် ရာ့ဂ်ျကုဒ်မြို့မှာ ကျောင်းသား အယောက် ၁၅၀ ဟာ ဂန္ဒီကိုအတုခိုးပြီး ရိုးရာဝတ်စုံနဲ့ မျက်မှန်ဦးထုပ်တို့ကို ဝတ်ဆင်ရင်း အိန္ဒိယနိုင်ငံမြေပုံကို လူတွေနဲ့ စုပြီးပုံဖော်ခဲ့ကြပါတယ်။ နိုင်ငံတောင်ပိုင်း ချန်နိုင်းမြို့က ကျောင်းဝင်းထဲမှာလည်း ရာနဲ့ချီတဲ့ ကျောင်းသားတွေဟာ ဂန္ဒီလိုဝတ်ဆင်ရင်း ယောဂကျင့်ခဲ့ကြတာပါ။ အောက်တိုဘာ ၂ ရက်နေ့ဟာ အိန္ဒိယနိုင်ငံမှာ ဂန္ဒီနေ့လို့ သတ်မှတ်ရုံသာမကဘဲ ဂန္ဒီရဲ့ ဘဝတလျှောက်လုံး ကျင့်သုံးတိုက်ပွဲဝင်ခဲ့တဲ့ စံနမူနာပြ အတွေးအခေါ်လည်းဖြစ်လို့ သူ့မွေးနေ့ကို နိုင်ငံတကာ အကြမ်းမဖက်ခြင်းနေ့အဖြစ်လည်း သတ်မှတ်ထားပါတယ်။ အောက်တိုဘာ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ ဂန္ဒီရဲ့ နှစ် ၁၅၀ ပြည့်မွေးနေ့ကို ကျင်းပမယ်လို့ အိန္ဒိယယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up