Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
October 2, 2018
မတ်ပဲ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ၁ တန်ကို ၅၂၅၀၀ ပေါက်ဈေးရှိပြီး ၁ တန်ကို ငွေကျပ် ၁၄၀၀၀ ဈေးတက်လာပါတယ်။ ကုလားပဲဖြူလုံး ကုလားပဲဖြူလုံးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁၃၀၀ ကျပ်ကနေ ၁၃၇၀ ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၃၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ထောပတ်ပဲ ထောပတ်ပဲကတော့ ၁ ပိဿာကို ၈၅  ကျပ်ဈေးကျဆင်းသွားပြီး ဒီနေ့ပေါက်ဈေးကတော့ ၁ ပိဿာကို ၂၆၀၅ ကနေ ၂၉၆၀  ရှိပါတယ်။ ပဲလွန်းဖြူ ပဲလွန်းဖြူကတော့ ၁ ပိဿာကို ၁၁၈၀ ကနေ ၁၃၃၅၀ ကျပ် ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၁၅ ကျပ်ဈေးကျ ဆင်းသွားပါတယ်။ ပြောင်းဆန် ပြောင်းဆန်ကတော့ ဒီနေ့မှာ ၁ ပိဿာကို ၃၀ ကျပ်ဈေးကျဆင်းသွားပြီး ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၆၁၀ ကနေ ၆၃၀ ကျပ်ရှိပါတယ်။ အာလူး အာလူးကတော့ ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၂၇၀ ကနေ ၇၃၀ ရှိပြီး ၁ ပိဿာကို ၃၀ ကျပ်ဈေးတက်လာပါတယ်။ မြေပဲလုံးဆန်ဖြူ အောင်လံကုန်စည်ဒိုင်မှာတော့ မြေပဲလုံးဆန်ဖြူက ၁ ပိဿာကို ၂၅ ကျပ်ဈေးကျဆင်းသွားပြီး ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၂၆၅၀ ကျပ်ကနေ ၂၆၇၅ ကျပ်ရှိပါတယ်။ မြေပဲလုံးဆန်နီ မြေပဲလုံးဆန်နီကတော့ ၁ ပိဿာကို ၂၈၅၀ ကျပ်ရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ဖော်ပြထားတဲ့  သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။ သတင်း – AMIA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024