Home
မြန်မာသတင်း
ရန်ကုန်မြို့တွင် ကျည်တောင့် ၁၀၀ ထပ်မံတွေ့ရှိ  
DVB
·
October 2, 2018
ရန်ကုန်မြို့မှာ ကျည်အတောင့် ၉၀၀၀ ကျော် ဖမ်းဆီးရမှုရဲ့ နောက်ဆက်တွဲအဖြစ် ကျည်အတောင့် ၁၀၀ ထပ်ပြီးတွေ့ရှိတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ကြေညာပါတယ်။ စက်တင်ဘာလ ၃၀ ရက် နေ့လယ် ၁၁ နာရီခွဲအချိန်က လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းရွာ ရဲတံခွန်အဝေးပြေးကားလက်မှတ် အရောင်းဆိုင်မှာ ငြိမ်းချမ်းအောင်က အပ်နှံတဲ့ တပ်ကြပ်ကြီး အောင်မြတ်သူ အမည်ပါ သံသေတ္တာ နှစ်လုံးထဲကနေ ၅ ဒသမ ၅၆ ကျည် ၉၅၀၄ တောင့် ဖမ်းဆီးရခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ လှည်းကူးမြို့မရဲစခန်းမှာ လက်နက်အက်ဥပဒေပုဒ်မနဲ့ အမှုဖွင့်ထားပြီး လှိုင်သာယာ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မိုးကျော်ကျော် ဦးစီးအဖွဲ့ဟာ စမ်းချောင်းမြို့နယ် မြေနီကုန်း ပြည်ဂါးဒင်း အိမ်ရာဝင်ပေါက်နားမှာ ဇော်ဇော်ထက်လူကို မာစီးဒီးကားနဲ့ အတူဖမ်းမိ ခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ ကားပေါ်မှာ လက်နက်ခဲယမ်း တစုံတရာ မတွေ့ရပေမယ့်သူ့ရဲ့ အိမ်ကို ရှာဖွေရာမှာတော့ အိပ်ခန်းထဲ တီဗွီစင်အောက်မှာ ပလပ်စတစ်နဲ့ ထုပ်ထားတဲ့ S&B 7.65 Br 13 MM(.32 Auto) ကျည် အတောင့် ၁၀၀ တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ဇော်ဇော်ထက်လူကို လှိုင်သာယာမြို့မ ရဲစခန်းမှာ လက်နက်ဥပဒေပုဒ်မ ၁၉(စ) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024