A d v e r t i s e m e n t With Us

အမ္ဘာပီကုိ ငွေကြေးများစွာ အသုံးပြုခေါ်မည့်သတင်း မန်စီးတီးနည်းပြ ငြင်းဆန်

အမ်ဘာပီကို ငွေကြေးများစွာအသုံးပြုပြီး ခေါ်ယူမယ်ဆိုတဲ့သတင်းတွေနဲ့ ပတ်သက်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ငြင်းဆန်လိုက်ပါတယ်။ မန်စီးတီးအသင်းဟာ ပီအက်စ်ဂျီက ပြင်သစ်လူငယ် တိုက်စစ်မှူး အမ်ဘာပီအတွက် ပေါင်သန်း ၂၀၀ ပေးပြီး ခေါ်ယူမယ်လို့ ဗြိတိန်မီဒီယာတခုက ဖော်ပြခဲ့တာပါ။ ဒီသတင်းတွေ ထွက်ပေါ်တာနဲ့ပတ်သက်ပြီး ဘယ်ကနေ ဘယ်လို ထွက်ပေါ်လာ တယ်ဆိုတာ နားမလည်မိကြောင်းနဲ့ အမ်ဘာပီရဲ့ အပြောင်းအရွှေ့ဖြစ်လာမှာမဟုတ်ဘူးလို့ ဂွါဒီယိုလာက အတည်ပြုပြောကြားခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းကလည်း အမ်ဘာပီကို တခြားကလပ်အသင်းတသင်းထံ ရောင်းချမှာမဟုတ်ဘူးလို့လည်း ဂွါဒီယိုလာကပြောပါတယ်။ လူတွေအနေနဲ့ ပီအက်စ်ဂျီနဲ့ မန်စီးတီးအသင်းတို့ရဲ့ ကစားသမားတွေကို လေးစားမူရှိသင့်တယ်လို့လည်း ဂွါဒီယိုလာက ဝေဖန်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up