ဆိုမာလီယာတွင် ဥရောပသမဂ္ဂယာဉ်တန်းကို အသေခံဗုံးခွဲ၊ ၃ ဦး သေဆုံး

ဆိုမာလီယာနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးမှာ အောက်တိုဘာ ၁ ရက်နေ့က ဥရောပသမဂ္ဂ ယာဉ်တန်းကို အသေခံကားဗုံးခွဲတိုက်ခိုက်ခဲ့တာကြောင့် လူ ၃ ဦး သေဆုံးတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သေဆုံးသူတွေထဲမှာ အသေခံဗုံးခွဲသူလည်း ပါသွားတယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုဟာ မွန်းလွဲပိုင်းအချိန် မြို့လယ်ကောင် လမ်းမပေါ်မှာ ဖြစ်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုကို အဲရှာဘတ်စစ်သွေးကြွအဖွဲ့က လုပ်ဆောင်ခဲ့တာပါ။ အဲရှာဘတ် စစ်သွေးကြွအဖွဲ့ဟာ ဆိုမာလီယာနိုင်ငံအတွင်း အနောက်အုပ်စုထောက်ခံတဲ့ ဗဟိုအစိုးရကို ဖြုတ်ချပြီး တင်းကျပ်တဲ့ အစ္စလာမ္မစ် ရှီယားဥပဒေနဲ့အုပ်ချုပ်လိုတာဖြစ်ပါတယ်။ ဥရောပသမဂ္ဂဟာ အာဖရိက ငြိမ်းချမ်းရေးတပ်ဖွဲ့ (AMISOM) ကို ရန်ပုံငွေ ထောက်ပံ့နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အဲဒီငြိမ်းချမ်းရေးတပ်ဖွဲ့ဟာ ဆိုမာလီ ဗဟိုအစိုးရကို အစ္စလာမ္မစ် စစ်သွေးကြွတွေရန်ကနေ ကာကွယ်ပေးနေတာလို့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up