ဗီဒီယိုဈေးကွက်ကျဆင်းလာနေသဖြင့် မင်းသားသစ်များပေါ်ထွက်လာရန်ခက်ခဲနေ
သူသူအောင်
·
October 1, 2018
မြန်မာပြည်တွင်းမှာ ဗီဒီယိုဈေးကွက် ကျဆင်းလာပြီး နောက်ပိုင်းမှာတော့ မင်းသား အသစ်တွေပေါ်ထွက်လာဖို့ မလွယ်ဘူးလို့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင်တွေက ပြောပါတယ်။
၂၀၁၇ ခုနှစ်လောက်ကနေ ဗီဒီယိုဈေးကွက် ကျဆင်းလာပြီး အခုနှစ်နောက်ပိုင်းမှာတော့ ဗီဒီယိုဈေးကွက်ပျောက်လုနီးပါး ဖြစ်လာကာ တက်သစ်စ အနုပညာရှင်တွေလက်တွဲခေါ်ယူဖို့ ခက်ခဲလာနေတာပါ။
ဗီဒီယိုဈေးကွက်ပျက်စီးလာတာကြောင့် ကားသစ်ထုတ်လုပ်မှုနည်းသွားပြီး မင်းသား အသစ်တွေ စင်တင်နိုင်ဖို့ မလွယ်ဘူးလို့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင်နေမျိုးအောင်က ပြောပါတယ်။
ရုပ်ရှင်၊ ဗီဒီယိုဈေးကွက်ထက် ပရိတ်သတ်ကိုကြိုးစားပေးဆပ်ဖို့ လိုသေးတယ်လို့ သရုပ်ဆောင် အကယ်ဒမီ နေတိုးကလည်းပြောပါတယ်။
ဗီဒီယို ဇာတ်ကားတစ်ကားကို ရိုက်ကူးဖို့ ကုန်ကျစရိတ်အနေနဲ့ ကျပ်သိန်း ၁၀၀ ကျော်သာရှိပြီး ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဆိုရင်တော့ သိန်းတစ်ထောင်ကျော် ကုန်ကျပါတယ်။