Home
မြန်မာသတင်း
စာရင်းစစ်ချုပ်အစီရင်ခံစာတွင် မှားတွက်ချက်သည့်ဝန်ထမ်းများကို အရေးယူရန်တောင်းဆို
အာကာ
·
October 1, 2018
စာရင်းစစ်ချုပ်အစီရင်ခံစာမှာ ဘဏ္ဍာငွေ လျော့သွင်းတာ၊ စာရင်းမှားတာနဲ့ တွက်ချက်မှု မှားယွင်းတဲ့ ဝန်ထမ်းတွေကို ဥပဒေနဲ့အရေးယူဖို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ က တောင်းဆိုလိုက်ပါတယ်။ အောက်တိုဘာ ၁ ရက်က ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရဲ့ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်စစ်ဆေးတွေရှိချက်အစီရင်ခံစာ အပေါ် ပြည့်သူ့ငွေစာရင်းကော်မတီရဲ့ လေ့လာတွေ့ရှိချက် အစီရင်ခံစာအပေါ် လွှတ်တော် ကိုယ်စားလှယ်တွေက အကြံပြုဆွေးနွေးခဲ့တာပါ။ နိုင်ငံ့ ငွေစာရင်းကို ဌာနကငွေတွေ ပေးသွင်းမှုလျော့နည်းတာ၊ မှားသွင်းတာနဲ့ တွက်ချက်မှု များယွင်းတာတွေအတွက် တာဝန်ရှိဝန်ထမ်းတွေကို ထိထိရောက် အရေးယူဖို့လဲ အကြံပြုကြ ပါတယ်။ နိုင်ငံ့ဘဏ္ဍာကို လျော့နည်းပေးသွင်းတာဟာ အကျင့်ပျက်ခြစားမှုကို ဦးတည်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင်  ရန်ကုန်မြို့လယ်က ပန်းခြံတွေ ငှားရမ်းခ လျော့နည်းနေတာတွေ၊ စီမံကိန်း မပြီးစီးတဲ့လုပ်ငန်းတွေကနေ ဒဏ်ကြေးမရတာတွေအပေါ် တိတိကျကျကိုင်တွယ်ဖို့လည်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ထောက်ပြသွားပါတယ်။ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရဲ့ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် အောက်တိုဘာလ ၁ ရက်နေ့ လွှတ်တော်မှာ ကိုယ်စားလှယ် ၇ ဦးက ဆွေးနွေးအကြံပြုခဲ့ပါတယ်။ စာရင်းစစ်ချုပ် အစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်က ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်မှာ စက်တင်ဘာလ ၁၄ရက်နေ့ က ရှင်းလင်းတင်ပြခဲ့ပါတယ်။ အခုနှစ် အစိုးရတင်တဲ့ ဘက်ဂျက်ဟာ အရင်နှစ်ထက်ကို အမှားအယွင်းတွေ လို အပ်ချက်တွေ ရှိနေတယ်လို့လည်း လွတ်တော်ကိုယ်စားလှယ်တော်တော်များများက ပြောဆိုနေကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024