လီဗာပူးတိုက်စစ်မှူး စတာရစ်ခ်ျ အကောင်းဆုံးခြေစွမ်းရလာပြီဟု ဖာဒီနန် ပြော

2.7K
တိုက်စစ်မှူး စတာရစ်ခ်ျ အကောင်းဆုံးခြေစွမ်း ရလာပြီလို့ အင်္ဂလန်နောက်ခံလူဟောင်း ဖာဒီနန်က ချီးကျူး ပြောကြားလိုက်ပါတယ်။
လီဗာပူးတိုက်စစ်မှူး စတာရစ်ခ်ျဟာ ချဲလ်ဆီးနဲ့ တဂိုးစီသရေကျခဲ့တဲ့ပွဲမှာ လူစားဝင်ပြီး ချေပဂိုးတဂိုး သွင်းယူခဲ့ပါတယ်။
စတာရစ်ခ်ျဟာ သူ့ရဲ့ အကောင်းဆုံးအချိန်တွေမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ လီဗာပူးအသင်းကို အဓိကကျတဲ့ အခန်းကဏ္ဍကနေ အကူအညီ ပေးနိုင်နေပြီလို့ ဖာဒီနန်က ဆိုပါတယ်။
ဒါ့အပြင် စတာရစ်ခ်ျအနေနဲ့ တိုက်စစ်မှူးဟောင်း ဆွာရက်ဇ် ထွက်ခွာသွားပြီးနောက် အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ မျှော်လင့်ခဲပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် ပွဲထွက်ခွင့် ဆုံးရှုံးခဲ့ရတာ ဖြစ်တယ်လို့လည်း ဖာဒီနန်က BT Sport မှာ သုံးသပ်ပြောကြားသွားပါတယ်။
အသက် ၂၉ နှစ်ရှိ စတာရစ်ခ်ျဟာ အခုနှစ်ဘောလုံးရာသီမှာ အရန်ကစားသမားအဖြစ် ပွဲထွက်နေရပေမယ့် စုစုပေါင်း ၇ ပွဲကစားပြီး ၄ ဂိုး သွင်းယူထားပါတယ်။