အကောက်ခွန်မဲ့ပစ္စည်း ကျပ်သန်း ၂၀၀၀ ကျော်ဖိုး ဖမ်းဆီး
ပိုင်စိုး
·
October 1, 2018
ပြီးခဲ့တဲ့စက်တင်ဘာလဝက်အတွင်း အကောက်ခွန်မဲ့ပစ္စည်းတန်ဖိုး ကျပ်သန်း ၂ ထောင်ကျော် ဖမ်းဆီးခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
လေဆိပ်၊ လေဆိပ်သိုလှောင်ရုံ၊ ဆိပ်ကမ်းနဲ့ အကောက်ခွန်နယ်မြေအသီးသီးမှာ တင်သွင်း/တင်ပို့ခွင့် အထောက်အထားမပြနိုင်တဲ့ ပစ္စည်းတွေကို ရှာဖွေဖမ်းဆီးခဲ့တာဖြစ်ပြီး အမှုပေါင်း ၂၃၂ မှုရှိတယ်လို့ ဆိုပါတယ်။
လေဆိပ်မှာတားဆီးခဲ့တာ ၈ မှု၊ အထူးကင်း ၁၄ မှု၊ နယ်မြေတားဆီးမှု ၂၀၈ မှုရှိခဲ့ပြီး တားဆီးရာမှာ သစ်နဲ့ သတ္တုတွေကို အများဆုံးဖမ်းမိကာ တန်ဖိုး ကျပ်သန်းပေါင်း ၂၀၀၀ လောက် ရှိပါတယ်။
စက်တင်ဘာ ၁ ရက်ကနေ ၇ ရက်အထိ ကျပ်သန်း ၇၆၅ ကျော်၊ စက်တင်ဘာ ၈ ရက်ကနေ ၁၄ ရက်အထိ ကျပ်သန်း ၁၃၂၀ ကျော် ဖမ်းဆီးခဲ့တာကြောင့် စုစုပေါင်း ကျပ်သန်း ၂၀၈၅ ကျော်ရှိတာပါ။
ပြီးခဲ့တဲ့သြဂုတ်လအတွင်းမှာတော့ အမှုပေါင်း ၃၈၃ မှုကနေ ကျပ်သန်း ၂၇၆၉ ဖိုး ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။