A d v e r t i s e m e n t With Us

အာရှ ဖိတ်ခေါ်စနူကာပြိုင်ပွဲတွင် မြန်မာဗိုလ်စွဲ

ဓာတ်ပုံ - Myanmar snooker
မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၂၀၁၈ အာရှဖိတ်ခေါ် စနူကာ ချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံမှ စနူကာအားကစားသမား ကိုထက်က  ချန်ပီယံဆု ရရှိသွားပါတယ်။ မြန်မာက နောက်ဆုံးဗိုလ်လုပွဲမှာ အာရှလူငယ်ချန်ပီယံဆုရထားတဲ့ တရုတ်နိုင်ငံက ပြိုင်ဘက်ကို ၆-၅ နဲ့ အနိုင်ယူကာ ချန်ပီယံဆုတံဆိပ်နဲ့အတူ မလေးရှားရင်းဂစ်ငွေ ၁ဝဝဝဝ ဆုငွေ ရရှိခဲ့တာလို့ အစိုးရသတင်းစဉ်မှာ ဖော်ပြပါတယ်။ စက်တင်ဘာ ၂၃ ရက်မှ ၂၉ ရက်ထိ ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲမှာ နိုင်ငံပေါင်း ၁ဝ နိုင်ငံမှ အားကစားသမား ၆၄ ဦးက အုပ်စုပတ်လည်စနစ်နဲ့ ကစားခဲ့ကြရာ ၃၂ ဦး ရှုံး/ထွက်အဆင့်မှာ မြန်မာက မလေးရှားကို ၄-၂ နဲ့နိုင်ပြီး ၁၆ ဦးအဆင့်မှာ မြန်မာက ထိုင်းကို ၅-၂ နဲ့ အနိုင်ရခဲ့ပါတယ်။ ၈ ဦးအဆင့်မှာလည်း မြန်မာက ထိုင်းစနူကာချန်ပီယံကို ၅-၃ နဲ့ အနိုင်ရခဲ့ပြီး  ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မလေးရှားကို ၆-၅ နဲ့ ခက်ခက်ခဲခဲ ကစားပြီး အနိုင်ယူကာ နောက်ဆုံးဗိုလ်လုပွဲ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up