A d v e r t i s e m e n t With Us

ဆန်ဒီယေဂို တိရစ္ဆာန်ရုံတွင် ကိုယ်အလေးချိန် ၂၈၁ ပေါင်ရှိ ဆင်ပေါက်လေးမွေးဖွား

အမေရိကန်နိုင်ငံ ဆန်ဒီယေဂိုမြို့ ဆာဖာရီ ဥယျာဉ်မှာအလေးချိန် ၂၈၁ ပေါင်ရှိတဲ့ ဆင်ပေါက်လေးတစ် ကောင်မွေးဖွားခဲ့တယ်လို့ AP သတင်းမှာဖော်ပြပါတယ်။ ဒီဆင်လေးကို တိရိစ္ဆာန်ဥယျာဉ်ထဲမှာရှိတဲ့ အာဖိရိကန်ဆင်မကြီး အူဂါနီက ပြီးခဲ့တဲ့စက်တင်ဘာ ၂၆ ရက်နေ့ကမွေးဖွားခဲ့တာပါ။ ဆင်မကြီးအူဂါနီဟာ အသက် ၂၈ နှစ်ရှိပြီဖြစ်ပြီး သူနဲ့ ဆင်ပေါက်လေးတို့နှစ် ကောင်လုံးဟာ ကျန်းမာရေးကောင်းမွန်တဲ့ ပုံစံမှာရှိနေတယ်လို့ တိရိစ္ဆာန်ရုံရဲ့ ဝန်ထမ်းတွေက ပြောပါတယ်။ ဆင်ပေါက်လေးကို အခုထိနာမည်မပေးရသေးပေမယ့် သူ့ကိုတိရိစ္ဆာန်ဥယျာန်ထဲမှာရှိတဲ့ တခြားဆင်တွေနဲ့တော့ မိတ်ဆက်ပေးပြီးပါပြီ။ အူနီဂါက မွေးဖွားတဲ့ ဆင်လေးဟာ ဆင်မလေးဖြစ်ပြီး သူ့ရဲ့မွေးဖွားမှုကဆာဖာရီ ဥယျာဉ်အတွက် ပြီးခဲ့တဲ့ နှစ်လတာကာလအတွင်း ဒုတိယအကြိမ်မြောက် ဆင်မွေးဖွားမှုပဲ ဖြစ်ပါတယ်။ ဒီဆင်မ လေးမတိုင်ခင် ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့က တရိစ္ဆာန်ရုံထဲမှာ ဆင်ထီးလေးတကောင်ကို မွေးဖွားခဲ့ပြီး အဲဒီဆင်ထီးလေးကတော့၂၇၇ ပေါင်ရှိကာ သူ့ကို အမ်ဇူလာဇူလီလို့ နာမည်ပေးထားကြောင်းလည်း AP သတင်း မှာဖော်ပြပါထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up