နာမည်ပြောင်းလိုက်သည့် ကမ္ဘာကျော်အဆိုတော် ကန်ယီးဝက်စ်
DVB
·
September 30, 2018
ကမ္ဘာကျော်ရပ်အဆိုတော် ကန်ယီးဝက်စ်ဟာ သူ့နာမည်ကို “Ye” လို့ ပြောင်းလဲလိုက်တယ်လို့ ဘီဘီစီသတင်းမှာဖော်ပြပါတယ်။
ရက်ပါကြီးက သူ့နာမည်ပြောင်းလဲကြောင်းကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့က တွစ်တာမှာ “ကန်ယီးဝက်စ်အဖြစ် လူသိများ ထင်ရှားပေမယ့် ကျနော့်နာမည် “Ye” ပါလို့ တွစ်တာမှာ ရေးသားခဲ့တာပဲဖြစ်ပါတယ်။
ရက်ပါကြီးဟာ “Ye” ဆိုတဲ့သူ့ရဲ့နာမည်ကို မကြာခဏဆိုသလို အသုံးပြုလေ့ရှိပြီး ပြီးခဲ့တဲ့ ဇွန်လမှာ ထွက်ရှိခဲ့တဲ့ သူ့ရဲ့ရှစ်ခွေမြောက် အယ်လ်ဘမ်မှာလည်း “Ye” ဆိုတဲ့နာမည်ကို ခေါင်းစဉ်ပေးခဲ့ပါတယ်။
ရက်ပါကြီးက သူ့နာမည်ပြောင်းလဲကြောင်း ကြေညာချက်ကို စက်တင်ဘာ ၂၉ ရက်နေ့ည ရုပ်သံအစီစဉ်မတိုင်ခင်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီအစီစဉ်မှာ သူဟာ သူ့ရဲ့ အယ်ဘမ်အသစ် Yandi နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုမယ်လို့ ယူဆရပါတယ်။
အဆိုတော်ရဲ့ နာမည်အသစ် “Ye” ဟာ လက်ရှိသူ့နာမည်ရဲ့ အစ စကားလုံးနှစ်လုံးဖြစ်ပြီး ဒီနာမည်ဟာ သူ့အပေါ် ဘာသာရေးအရ လွှမ်းမိုးမှုရှိတယ်လို့လည်း အဆိုတော်က ထုတ်ဖော်ဝန်ခံထားဖူးပါတယ်။
“Ye ဆိုတာ သမ္မာကျမ်းစာထဲမှာ အများဆုံးအသုံးပြုထားတဲ့ စကားလုံးဖြစ်ပြီး ကျမ်းစာထဲမှာဆိုရင် အဲဒါက သင် (you) လို့ အဓိပ္ပာယ်ရပါတယ်” လို့လည်း အဆိုတော်ကြီးက အခုနှစ်အစောပိုင်းတုန်းက ပြောဆိုခဲ့ဖူးပါတယ်။
သူ့ရဲ့ရှစ်ခုမြောက် အမ်ဘမ်နဲ့ ပတ်သက်လို့ ပြောဆိုရာမှာ အဆိုတော်ကြီးက “Ye” ဆိုတဲ့စကားလုံးက ကျနော်တို့ရဲ့ အကောင်း၊ အဆိုး၊ ငြင်းပယ်မှုတွေနဲ့ အရာအားလုံးကို ကိုယ်စားပြုပါတယ်” လို့လည်း သူကပြောခဲ့ပါတယ်။
ကမ္ဘာကျော် အနုပညာရှင် အသိုင်းအဝိုင်းကြားမှာ ကန်ယီးဝက်စ်လို နာမည်ပြောင်းလဲမှုတွေ မကြာခဏ ဆိုသလို တွေ့ရလေ့ရှိပြီး သူ့မတိုင်ခင် ဆမ်ကွန့်စ်ကလည်း ပတ်ဖ်ဒယ်ဒီ၊ ပီဒယ်ဒီ၊ ဒယ်ဒီလို့ နာမည်အမျိုးမျိုး ပြောင်းလဲခဲ့ကာ အခုနှစ်မှာတော့ သူ့နာမည်ဟာ လတဗ် (သို့) ဘရားသားလတ်ဗ် လို့ ပြောင်းလဲကြောင်း ကြေညာခဲ့ဖူးပါတယ်။