အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ပြောကြားချက်ကို ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး တုံ့ပြန်ပြောဆို

ကုလသမဂ္ဂ အထွေထွေညီလာခံမိန့်ခွန်းမှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးပြောကြားခဲ့တဲ့ စကားလုံးပြင်းပြင်းတွေကို ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ရှာမာမွတ်ကွာရာရှီက ညီလာခံအတွင်းမှာပဲ  ပြန်လည်တုံ့ပြန်ပြောဆိုလိုက်ပါတယ်။ ပါကစ္စတန်နိုင်ငံဟာ အကြမ်းဖက်မှုကို နိုင်ငံ့တရားဝင် မူဝါဒတရပ်လို ကျင့်သုံးနေတယ်လို့ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး ဆွာရာ့ဂ်ျက စက်တင်ဘာ ၂၉ ရက်နေ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပြောကြားလိုက်တဲ့အပေါ် တုံ့ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်ပြုလုပ်မယ့် အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးပွဲတွေကို အိန္ဒိယက အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲ ဖျက်သိမ်းခဲ့တာဖြစ်ပြီး ဒါဟာ အိန္ဒိယအနေနဲ့ ငြိမ်းချမ်းရေးထက် နိုင်ငံရေးကိုပဲ အလေးထားတယ်ဆိုတာပြသနေတယ်လို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဒ့ါပြင် အိန္ဒိယဟာ အကြမ်းဖက်မှုကို ကျောထောက်နောက်ခံပေးနေတယ်လို့လည်း ဝန်ကြီးက သူ့ရဲ့ကုလသမဂ္ဂ အထွေထွေညီလာခံမိန့်ခွန်းအတွင်း  ပြန်လည် စွပ်စွဲပြောဆိုသွားပါတယ်။ လက်ရှိမှာ အိန္ဒိယနဲ့ပါကစ္စတန် ၂ နိုင်ငံစလုံးက ပိုင်ဆိုင်တယ်လို့ ပြောထားပြီး တဖက်ခြမ်းစီ အုပ်ချုပ်နေတဲ့ ကတ်ရှ်မီးယားဒေသအရေး ဆွေးနွေးပွဲတွေ ဆိုင်းငံ့ထားတာ နှစ်ချီ ကြာမြင့်နေပြီဖြစ်ပါတယ်။ ပါကစ္စတန်နဲ့ အိန္ဒိယတို့ဟာ ကတ်ရှ်မီးယား ဒေသအရေးနဲ့ပတ်သက်ပြီး ၁၉၄၇ ခုနှစ် လွတ်လပ်ရေးရယူပြီးကတည်း စစ် ၃ ကြိမ်ဖြစ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up