ကမ္ဘာ့မော်တော်ဆိုင်ကယ်ပြိုင်ပွဲတွင် အိုင်ယာလန်က စတုတ္ထအကြိမ်ဖလား ဆွတ်ခူး

ပြင်သစ်နိုင်ငံ မာဂီနီကော့စ်ဒေသမှာ ပြုလုပ်တဲ့ ကမ္ဘာ့မော်တော်ဆိုင်ကယ် ချန်ပီယံရှစ်ပြိုင်ပွဲမှာ အိုင်ယာလန်မြောက်ပိုင်းက ဂျွန်နသန်ရေးက စတုတ္ထအကြိမ် ချန်ပီယံဖလားဆွတ်ခူးပြီး စံချိန်တင်ခဲ့ပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့ကပြုလုပ်တဲ့ ဒီပြိုင်ပွဲဟာ ဂျွန်နသန်ရေးအဖို့ မာဂီနီကော့စ်မှာ ပထမဆုံး ယှဉ်ပြိုင်တဲ့ ပွဲလည်းဖြစ်ပါတယ်။ ရေးဟာ ရှေ့တန်းကနေ တာထွက်ခဲ့ပြီး မကြာခင်မှာပဲ ပြိုင်ဘက် တွမ်စကိုက်ကို ကျော်တက်ကာ စိန်ခေါ်သူမဲ့ ပန်းဝင်ခဲ့တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ရေးဟာ စကိုက်ထက် ၃ စက္ကန့်၊ စပိန်ပြိုင်ပွဲဝင် ဇက်ဗီ-ဖောရက်စ်ထက် ၈ စက္ကန့်ခွဲ အသာနဲ့ ပန်းဝင်ခဲ့ပါတယ်။ ရေးရဲ့ အဓိက ပြိုင်ဘက်ဖြစ်တဲ့ ချက်ဇ်ဒေဗီကတော့ ဒီပြိုင်ပွဲမှာ ပဉ္စမနေရာသာ ရခဲ့ပါတယ်။ ဒါဟာ ဂျွန်နသန်ရေးရဲ့ ၇ ကြိမ်မြောက် ဆက်တိုက် အနိုင်ပွဲလည်း ဖြစ်ပါတယ်။  ရေးဟာ ဇွန်လ နှောင်းပိုင်းကလည်း ယူအက်စ်ပြိုင်ပွဲမှာ နှစ်ကြိမ် ဗိုလ်စွဲခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up